• Overview

  • Trip Outline

  • Trip Includes

  • Booking

ရွှေကိန္နရီ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ စီစဉ်ပေးထားသော "စင်ကာပူ ~ မလေးရှားနိုင်ငံခရီးစဉ် (၆ ညအိပ်/ ၇ ရက်)

Day 1: Yangon - Singapore (D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leader နှင့်တွေ့ဆုံပြီး စင်ကာပူနိုင်ငံသို့ (UB-001 / RGN SIN / 07:30- 12:00) ဖြင့်ထွက်ခွါပါမည်။ စင်္ကာပူ နိုင်ငံ Changi လေဆိပ်သို့ ရောက်လျှင် ဒေသခံ ဧည့်လမ်းညွှန်နှင့် တွေ့ဆုံကာ စင်္ကာပူ နိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သော Merlion Park ၊ ဒူးရင်းသီး ပုံစံရှိ Esplanade နှင့် Parliament House သို့သွားရောက်လည်ပတ်ကာ အမှတ်တရ ဓါတ်ပုံ များကိုပျော်ရွှင်စွာ ရိုက်ကူးပါမည်။ ညစာကို local restaurant တွင် သုံးဆောင်ကာ ဟိုတယ်သို့ check in ဝင်၍ အနားယူ အိပ်စက်ပါမည်။
Meet the Tour Leader at Yangon International Airport and depart for Singapore via flight (UB-001 / RGN SIN / 07:30-12:00). Upon arrival at Changi Airport in Singapore, you will meet the local guide and visit Singapore's iconic landmarks such as Merlion Park, the durian-shaped Esplanade, and Parliament House to happily take memorable photos. Enjoy dinner at a local restaurant, then check in to the hotel and rest for the night.

 

Day 2: Singapore Sightseeing (B/L/D)
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ ထို့နောက် Mt Faber တောင် သို့သွားရောက်ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီးနောက် စင်္ကာပူနိုင်ငံ၏ ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆေးဝါးဆိုင်ရာ ဆိုင်များသို့ သွားရောက်ကာလေ့လာလည်ပတ်ပါမည်။ ထို့နောက် Feng Shui & Luxury Jewellery သို့ သွားရောက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Garden By the Bay (2 Domes) သို့ သွားရောက်လည်ပတ်ကာ အလှဓါတ်ပုံများ ရိုက်ကူးနိုင်ပါမည်။ ထို့နောက် Bugis area တွင် shopping လုပ်ကာ ညစာကို local restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် တစ်နေ့တာ ပင်ပန်းခဲ့သမျှ အနားယူအိပ်စက်နိုင်ရန် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
Breakfast will be served at the hotel. Afterwards, visit Mt. Faber to take memorable photos, followed by a visit to Singapore's health and wellness pharmacies. Next, proceed to Feng Shui & Luxury Jewellery. After lunch, visit Gardens by the Bay (2 Domes) where you can take beautiful photos. Then, go shopping in the Bugis area and have dinner at a local restaurant. Finally, you will be transferred back to the hotel to rest and sleep after a tiring day.

 

Day 3: Singapore Sightseeing ~ Universal Studio (B/L/D)
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Santosa နှင့် Universal Studio သို့သွားရောက်၍ လည်ပတ် ဆော့ကစားကြပါမည်။ နေ့လည်စာအား သုံးဆောင်ရန် အတွက် Meal Coupon (SGD 20) များအား Tour Leader မှ ဧည့်သည်များအား ပေးဝေပြီးနောက် Universal Studio အတွင်းရှိ ကစားနည်း များအား ပျော်ပျော်ရွှင်ရွှင် မိမိအစီအစဉ်ဖြင့် စိတ်ကြိုက် ဆော့ကစားကြပါမည် (ကစားနည်းဝင်ကြေးများကို own account ဖြင့်ပေးရမည် ဖြစ်ပါတယ်) ။ ညနေစာ ကို Buffet Dinner သုံးဆောင်ပြီးနောက် စင်္ကာပူ၏ အလှဆုံးရေပန်းနှင့်မီးအလှ Wings of Time သို့သွားကာ ရင်ခုန်စိတ် လှုပ်ရှားဖွယ် ကောင်းသော show ပွဲကို ကြည့်ရှုအပန်းဖြေပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ကာ တစ်ညတာအိပ်စက် အနားယူပါ မည်။
After having breakfast at the hotel, head to Sentosa and Universal Studios to visit and enjoy the attractions. The Tour Leader will distribute Meal Coupons (SGD 20) for lunch, after which you can happily enjoy the rides and games inside Universal Studios at your own leisure (ride admission fees are to be paid on your own account). After enjoying a Buffet Dinner in the evening, proceed to Wings of Time, Singapore's most beautiful water and light show, to watch and relax during the spectacular performance. Then, return to the hotel for an overnight rest.

 

Day 4: Singapore Malaysia ~ Melaka Sightseeing (B/L/-)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် စင်္ကာပူမှ မလေးရှား နိုင်ငံ border သို့ ကားဖြင့် သွားရောက်ပါမည်။ မလေးရှားနိုင်ငံဘက်မှ ဧည့်လမ်းညွှန်က ဧည့်သည်တော်များအား JB 2nd Link တွင် တွင် လာရောက်ကြိုဆိုနေမည် ဖြစ်ပါသည်။ ထို့နောက် Melaka မြို့သို့ သွားရောက်ကာ လည်ပတ်ပါမည်။ Melaka မြို့၏ လည်ပတ်စရာများထဲမှ အထင်ကရဖြစ်သော Dutch Square, Studhuys, Europe မှ သက်တမ်းအရင့်ဆုံး ဗိသုကာလက်ရာများ ထဲမှတခုဖြစ်ပြီး : Porta de Santiago, St Paul's Hills & Jonker Street သို့သွားရောက် လေ့လာလည်ပတ်ပါမည်။ နေ့လည်စာကို Local restaurant တွင် အရသာရှိစွာ သုံးဆောင် ပါမည်။ ဆက်လက်၍ Melaka ရေလက်ကြားအတိုင်း Melaka River Cruise ကို မျှော်ရွှင်စွာစီးကာ အလှဓါတ်ပုံများ ရိုက်ကူးပါမည်။ ညစာကို Melaka ရှိ shopping center တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်မည် ဖြစ်ပါသည်။ ထို့နောက်ဟိုတယ်သို့ သွားရောက်ကာ အနားယူ အိပ်စက်ပါမည်။
After having breakfast at the hotel, travel by car from Singapore to the Malaysia border. A Malaysian local guide will welcome the guests at the JB 2nd Link. Then, proceed to visit the city of Melaka. Explore Melaka's iconic attractions including Dutch Square, the Stadthuys, and one of the oldest European architectural remains: Porta de Santiago (A Famosa), St. Paul's Hill, and Jonker Street. Enjoy a delicious lunch at a local restaurant. Continue the tour by taking a joyful ride on the Melaka River Cruise along the Melaka Strait and take beautiful photos. Dinner will be at a shopping center in Melaka on your own arrangement. Afterwards, proceed to the hotel to rest and sleep.

 

Day 5: Melaka - Kuala Lumpur (B/L/-)
ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Melaka မှ ၂ နာရီ ခရီးရှိသည့် ကွာလာလမ်ပူမြို့မှ ထွက်ခွါပါမည်။ ကွာလာလမ်ပူမြို့သည် မလေးရှားနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ထိုနေ့တွင် ကွာလာလမ်ပူ မြို့၏ အထင်ကရနေများသို့ National Mosque, New King's Palace, Independence Square, River of Life, Petronas (Twin Tower) တို့တွင် (အပြင်မှ) အမှတ်တရ ဓါတ်ပုံ ရိုက်ကူးပါမည်။ ဆက်လက်၍ Chocolate Shop သို့သွားရောက်ကာ အရသာရှိသော ချောကလက်များကို အိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်ယူနိုင်ပါတယ်ရှင်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ရမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်တွင် Check-In ဝင်ရောက်ပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။ တည်းခိုမည့် 4 Star Hotel သည် Pavillion Shopping Mall နှင့် ၅ မိနစ်သာ လမ်းလျောက်ရသည့်အတွက် ညစာကိုမိမိအစီအစဉ်ဖြင့်သုံးဆောင်ပါမည်။
After having breakfast at the hotel, depart from Melaka for a 2-hour journey to Kuala Lumpur. Kuala Lumpur is the capital city of Malaysia, and on this day, we will visit the city's iconic landmarks such as the National Mosque, New King's Palace, Independence Square, River of Life, and take memorable photos (from the outside) of the Petronas Twin Towers. Next, visit a Chocolate Shop where you can buy delicious chocolates as souvenirs to take home. Lunch will be served at a local restaurant. Then, check in at the hotel and rest for the night. Since the 4-star hotel you will be staying at is only a 5-minute walk from Pavilion Shopping Mall, you can have dinner on your own arrangement.

 

Day 6: Genting Island - Batu Cave (B/-/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀၀ မီတာမြင့်ပြီး မလေးရှားနိုင်ငံ၏ တစ်ခုထဲသော Casino Resort ဖြစ်သည့် Genting Highlands သို့သွားရောက်လည်ပတ်ရန်အတွက် Cable Car Station သို့ ဆက်လက်ထွက်ခွာပါမည်။ (Cable Car စီးရန်အတွက် လက်မှတ်ဖိုးပါဝင်ပြီး)။ မိမိနှစ်သက်ရာကစားနည်းဖြင့် Casino Resort တွင် ကစားပါမည်။ Premium Outlet တွင်ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာကို Genting Island ရှိ food count တွင် မိမိအစီအစဉ်ဖြင့်အရသာရှိစွာ သုံးဆောင်ပါမည်။ ဆက်လက်၍ မလေးရှားနိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်သော Batu Caves သို့ ဝင်ရောက်လည်ပတ်ပါမည်။ ထို့နောက် ကွာလာလမ်ပူသို့ ပြန်လည်ထွက်ခွါပြီး ဟိုတယ်တွင် Check - In ၀င်ရောက်ကာ တစ်ညတာအိပ်စက်အနားယူပါမည်။
After breakfast at the hotel, head to the Cable Car Station to visit Genting Highlands, Malaysia's only Casino Resort, located 2,000 meters above sea level. (Cable car ticket is included). Enjoy playing your favorite games at the Casino Resort. Go shopping at the Premium Outlet. Have a delicious lunch at the food court on Genting Island on your own arrangement. Continue the trip by visiting Batu Caves, one of Malaysia's iconic landmarks. Afterwards, head back to Kuala Lumpur, check in at the hotel, and rest for the night.

 

Day 7: Kuala Lumpur Departure (B)
နံနက်စာကို Hotel တွင်သုံးဆောင်ပြီးလျှင် Kuala Lumpur international airport မှ MH 740 ဖြင့် 09:10 နာရီအချိန် တွင်ပြန်လည် ထွက်ခွာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ 10:25 အချိန်တွင် ပြန်လည် ရောက် ရှိပါမည်။ End of our services
After having breakfast at the hotel, depart from Kuala Lumpur International Airport via flight MH 740 at 09:10 and arrive back at Yangon International Airport at 10:25. End of our services

 

ခရီးစဉ်ဈေးနှုန်း (Tour Pricing)

 

Hotel Level Adult Fare Child Fare with Extra Bed Child Fare without Extra Bed
3 Hotel in Singapore & 4 Hotel in Malaysia**
USD 1,350

 

 
USD 1,300

 

 
USD 1,080

 

 
  • ခရီးစဉ်အတွက် လူဦးရေ ( ၁၅ ) ယောက် ပြည့်မှသာလျှင် ထွက်ပါမည် ။ (The tour will depart only when a minimum of 15 people is reached.)
ခရီးစဉ်တွင် ပါဝင်သည့်ဝန်ဆောင်မှုများ (Inclusions):
  • Yangon - Singapore Flight Ticket
  • Malaysia - Yangon Flight Ticket
  • မနက်စာ နှင့် ဟိုတယ်တွင်တည်းခိုခွင့် (နှစ်ယောက်တစ်ခန်း) (Breakfast and Hotel Accommodation - Twin Sharing)
  • ခရီးစဉ်တလျောက် ဝင်ကြေးများ (Entrance fees throughout the itinerary)
  • Program တွင်ပါဝင်သော B=Breakfast, L=Lunch, D=Dinner (Program indicated meals: B=Breakfast, L=Lunch, D=Dinner)
  • မြန်မာတိုးလီဒါ နှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန် (Myanmar Tour Leader and Local Guide)
  • မလေးရှားဗီဇာကြေးနှင့် ဝန်ဆောင်မှု (Malaysia Visa fee and service)
  • Melaka River Cruise
  • ခရီးစဉ်တစ်လျှောက်လည်ပတ်ရန် Air con car (Air-conditioned car for the entire trip)
ခရီးစဉ်တွင် မပါဝင်သည့်ဝန်ဆောင်မှုများ (Exclusions):
  • ကျန်းမာရေးအာမခံ (Health insurance)
  • Dinner=D (မလေးရှား) (Dinner in Malaysia)
  • လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခွင့် (Extra baggage allowance on flights)
  • Universal Studio တွင် ဆော့ကစားသော ဝင်ကြေးများ (Ride admission fees at Universal Studios)
  • ခရီးစဉ်တွင် မပါဝင်သည့် လည်ပတ်မှုများ (Attractions not included in the itinerary)
  • ဟိုတယ်နှင့် စားသောက်ဆိုင်တွင် သီးသန့်မှာယူသည့် ရေသန့်၊ အအေးနှင့် အဖျော်ယမကာများ (Special ordered mineral water, cold drinks, and beverages at hotels and restaurants)
Please wait...