နံနက် ( ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရွှေကိန္ဒရီ Tour Leader မှ ကြိုဆိုနေမည်ဖြစ်ပြီး Myanmar Airway International လေယာဉ်ခရီးစဉ်အမှတ် (-- ) ဖြင့် (--) အချိန်တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာပြီး နယူးဒေလီမြို့သို့ ခန့်မှန်း (--) အချိန်ဝန်းကျင်ခန့်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ တည်းခိုမည့်ဟိုတယ်တွင် Check in ဝင်ပြီးနောက် နေ့လယ်စာကို ဟိုတယ်/ Local restaurant တွင် သုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် New Delhi မြို့ရှိ India Gate၊ Lotus Temple၊ Qutub Minar နှင့် Stepwell စသည့် နေရာများကို အချိန်ရရှိမှုအပေါ်မူတည်ပြီး လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် ညစာကို ဟိုတယ်/ Local restaurant တွင် သုံးဆောင်ကာ ကောင်းမွန်စွာ အိပ်စက်အနားယူကြမည်ဖြစ်ပါသည်။
Day 1: Yangon - New Delhi (L/D)
At ( ) hours in the morning, the Shwe Keinnary Tour Leader will welcome guests at Yangon International Airport, and depart from Yangon to New Delhi, India, via Myanmar Airways International flight number (--) at (--) hours, arriving in New Delhi around (--) hours estimated. After checking in at the hotel, enjoy lunch at the hotel or a local restaurant. Following lunch, visit places in New Delhi such as India Gate (built in 1931, originally called the "All India War Memorial", 42 meters high), Lotus Temple (completed in 1986, unique lotus-shaped architecture with many international architectural awards), Qutub Minar (an ancient Islamic architectural masterpiece and UNESCO World Heritage Site), and Stepwell (featured in the Bollywood movie "PK"), depending on time availability. Afterward, enjoy dinner at the hotel or a local restaurant and rest well for the night.
Day 2: ဒေလီ - သရင်းနားဂါ (လေကြောင်းခရီးဖြင့်)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Srinagar မြို့သို့ ထွက်ခွာရန်အတွက် လေဆိပ်သို့ ထွက်ခွာပါမည်။ ထို့နောက် New Delhi မှ Kashmir ဒေသ၏ နွေရာသီမြို့တော်ဖြစ်သော Srinagar မြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် လေယာဉ်စီးနင်းချိန် (၁:၂၀) နာရီဝန်းကျင်ခန့် ကြာမြင့်ပြီးနောက် Srinagar မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။ Srinagar လေဆိပ်သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ နေ့လယ်စာကို Houseboat / ဟိုတယ်ရှိ Restaurant တွင် သုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် Srinagar မြို့၏ အထင်ကရနေရာများဖြစ်သည့် Dal Lake တွင် ရိုးရာ Shikara Boat Ride စီးနင်းကာ သာယာလှပသော ရေပြင်ရှုခင်းများနှင့် ကက်ရှ်မီးယား၏ သဘာဝအလှတရားများကို ခံစားကြည့်ရှုပါမည်။ ထို့နောက် Mughal ခေတ်၏ လက်ရာမြောက်ဥယျာဉ်များဖြစ်သည့် Shalimar Bagh နှင့် Nishat Bagh Garden တို့ကို အချိန်ရရှိမှုအပေါ်မူတည်၍ ဆက်လက်သွားရောက်လည်ပတ်ပါမည်။ လည်ပတ်ပြီးနောက် Houseboat သို့မဟုတ် ဟိုတယ်တွင် ညစာသုံးဆောင်ကာ တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်ပြီး ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2: Delhi - Srinagar by Air (B/L/D)
After breakfast at the hotel, transfer to the airport for the flight to Srinagar. Depart by domestic flight from New Delhi to Srinagar, the summer capital of the Kashmir region, with a flight duration of approximately (1:20) hours. Upon arrival at Srinagar Airport, check in at the hotel/houseboat and have lunch at the houseboat or hotel restaurant. After lunch, enjoy a traditional Shikara Boat Ride on Dal Lake to experience the scenic waters and natural beauty of Kashmir. Afterward, visit the Mughal-era masterpieces Shalimar Bagh and Nishat Bagh Garden, depending on time availability. Conclude the day with dinner at the houseboat or hotel and a restful night.
Day 3: သရင်းနားဂါ - ဂူလ်မာ့ဂ်
တည်းခိုရာ Dal Lake အတွင်းရှိ Houseboat ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် "Meadow of Flowers" ဟု တင်စားခေါ်ဝေါ်ကြသည့် လှပသာယာသော Gulmarg မြို့သို့ ကားဖြင့် ထွက်ခွာပါမည်။ Srinagar မှ Gulmarg သို့ ခန့်မှန်းကားမောင်းချိန် (၃ နာရီ ၃၀ မိနစ်ခန့်) ကြာမြင့်မည်ဖြစ်ပါသည်။ ခရီးလမ်းတစ်လျှောက်တွင် Kashmir ဒေသ၏ ရင်သပ်ရှုမောဖွယ် သဘာဝတောင်တန်းရှုခင်းများနှင့် ရေခဲတောင်များကို လမ်းဘေးဝဲယာမှ ကြည့်ရှုခံစားရင်း Gulmarg မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။ Gulmarg သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ နေ့လယ်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂,၃၇၃) ခန့်တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ၏ ထင်ရှားကျော်ကြားသော နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုဖြစ်သည့် Gulmarg တွင် အာရှတိုက်၏ အမြင့်ဆုံးနှင့် အရှည်ဆုံး Cable Car များအနက် တစ်ခုဖြစ်ပြီး ပေ (၁၃,၇၈၀) ခန့်အထိ တက်ရောက်နိုင်သော Gondola Cable Car ကို စီးနင်းကာ နှင်းများဖုံးလွှမ်းနေသော ဟိမဝန္တာတောင်တန်းများနှင့် ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းများကို အမြင့်မှ ကြည့်ရှုခံစားရင်း Phase One သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထို့နောက် ကမ္ဘာကျော်နှင်းလျှောစီးတောင်စောင်းရှိရာ Phase One တွင် Skiing, Snowboarding, Ice Skating, Heli-Skiing, Sledging စသည့် ဆောင်းရာသီအပန်းဖြေလှုပ်ရှားမှုများကို မိမိစိတ်ကြိုက် ပါဝင်ခံစားနိုင်မည်ဖြစ်ပါသည်။ အခြားသော Snow Activities များကိုလည်း Additional Cost / Direct Payment Basis ဖြင့် ထပ်မံရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိကာ Buffet Dinner သုံးဆောင်ပြီးနောက် တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်၍ ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 3: Srinagar - Gulmarg (B/L/D)
After breakfast at the houseboat hotel on Dal Lake, drive to Gulmarg, known as the "Meadow of Flowers". The drive from Srinagar to Gulmarg takes approximately 3 hours and 30 minutes, offering stunning views of Kashmir's natural mountain landscapes and snow-capped peaks along the way. Upon arrival in Gulmarg, check in at the hotel and have lunch. Afterward, visit Gulmarg, a famous ski resort situated at an altitude of about 2,373 meters. Ride the Gondola Cable Car—one of Asia's highest and longest cable cars reaching up to (13,780) feet—to enjoy breathtaking views of the snow-covered Himalayas and reach Phase One. At Phase One, enjoy winter recreation activities such as skiing, snowboarding, ice skating, heli-skiing, and sledging. Other snow activities can also be selected on an additional cost/direct payment basis. In the evening, return to the hotel for a buffet dinner and a restful night.
Day 4: ဂူလ်မာ့ဂ် - ပါဟယ်လ်ဂမ် လည်ပတ်ခြင်း
နံနက်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂,၈၀၀) ခန့်တွင် တည်ရှိပြီး နှင်းဖုံးလွှမ်းနေသော တောင်တန်းများနှင့် စိမ်းလန်းစိုပြေသော သဘာဝရှုခင်းများကြောင့် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး "Little Switzerland" ဟု တင်စားခေါ်ဝေါ်ကြသည့် Pahalgam မြို့သို့ ကားဖြင့် ထွက်ခွာပါမည်။ Pahalgam သို့ ခန့်မှန်းကားမောင်းချိန် (၄ နာရီခန့်) ကြာမြင့်မည်ဖြစ်ပါသည်။ Pahalgam သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ နေ့လယ်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် အချိန်ရရှိမှုအပေါ်မူတည်၍ အိန္ဒိယရုပ်ရှင်ဇာတ်ကားများ မကြာခဏရိုက်ကူးလေ့ရှိသည့် လှပသာယာသော Betaab Valley သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့နောက် ရေခဲတောင်များနှင့် သဘာဝရှုခင်းများကြောင့် ကျော်ကြားသော Chandanwari နှင့် သာယာလှပသော Aru Valley တို့ကိုလည်း အချိန်ရရှိမှုအပေါ်မူတည်ကာ ဆက်လက်သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့အပြင် Pahalgam ၏ သာယာလှပသော တောင်ကြားရှုခင်းများကို ပိုမိုနီးကပ်စွာ ခံစားလိုသူများအနေဖြင့် Pony Ride ကို မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့် ပါဝင်စီးနင်းနိုင်မည်ဖြစ်ပါသည်။ နှင်းဖုံးတောင်တန်းများ နှင့် စိမ်းလန်းသောချိုင့်ဝှမ်းများအကြား မြင်းစီးရင်း Pahalgam ၏ အေးချမ်းသာယာသော သဘာဝအလှတရားများကို ခံစားကာ မမေ့နိုင်သော အမှတ်တရဓာတ်ပုံများလည်း ရယူနိုင်မည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ရေခဲတောင်များကို နောက်ခံထားလျက် သာယာလှပသော Pahalgam ရှိ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်ကာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 4: Gulmarg - Pahalgam Sightseeing (B/L/D)
After breakfast, drive to Pahalgam, situated at an altitude of about 2,800 meters, often referred to as "Little Switzerland" due to its picturesque snow-capped mountains and lush green landscapes. The drive takes approximately 4 hours. Upon arrival, check in at the hotel and have lunch. Afterward, depending on time availability, visit the scenic Betaab Valley, frequently featured in Indian films. Continue to Chandanwari, known for its glaciers and natural scenery, and the beautiful Aru Valley, time permitting. Additionally, visitors who wish to experience Pahalgam's valley landscapes more closely can take a Pony Ride at their own expense, riding amidst snow-capped mountains and green valleys for memorable photos. In the evening, enjoy dinner at the hotel in Pahalgam against the backdrop of snow-capped mountains and rest peacefully for the night.
Day 5: ပါဟယ်လ်ဂမ် - သရင်းနားဂါ - ဂျိုင်ပူ (လေကြောင်းခရီးဖြင့်)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Pahalgam မှ Kashmir ဒေသ၏ အဓိကမြို့ဖြစ်သော Srinagar မြို့သို့ ကားဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ အပြန်ခရီးတွင် ဒေသထွက်ပစ္စည်းများနှင့် အမှတ်တရလက်ဆောင်များ ဝယ်ယူနိုင်ရန် Shopping Market သို့ ခေတ္တဝင်ရောက်၍ ဈေးဝယ်အနားယူချိန် ပေးမည်ဖြစ်ပါသည်။ ထို့နောက် Srinagar ရှိ Local Restaurant တွင် နေ့လယ်စာသုံးဆောင်ပြီးနောက် "Pink City" ဟု တင်စားခေါ်ဝေါ်ကြသည့် Jaipur မြို့သို့ ထွက်ခွာရန်အတွက် Srinagar လေဆိပ်သို့ သွားရောက်မည်ဖြစ်ပါသည်။ ထို့နောက် ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် Srinagar မှ Jaipurသို့ ထွက်ခွာမည်ဖြစ်ပါသည်။ Jaipur သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်၍ ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 5: Pahalgam - Srinagar - Jaipur by Air (B/L/D)
After breakfast at the hotel, drive back from Pahalgam to Srinagar, the main city of the Kashmir region. On the way back, stop briefly at a shopping market to buy local products and souvenirs. After having lunch at a local restaurant in Srinagar, proceed to Srinagar Airport to take a domestic flight to Jaipur, famously known as the "Pink City". Upon arrival in Jaipur, check in at the hotel, have dinner, and rest well for the night.
Day 6: ဂျိုင်ပူ - အဂ္ဂရာ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပန်းရောင်အဆောက်အအုံများနှင့် လှပသော ရှေးဟောင်းဗိသုကာလက်ရာများကြောင့် "Pink City" ဟု ကျော်ကြားသော Jaipur မြို့၏ အထင်ကရနေရာများကို စတင်လည်ပတ်မည်ဖြစ်ပါသည်။ ပထမဦးစွာ သမိုင်းကြောင်းနှင့် ဒဏ္ဍာရီများဖြင့် ထင်ရှားသော Amber Fort & Palace သို့ သွားရောက်လည်ပတ်မည်ပြီး၊ ထို့နောက် ခမ်းနားထည်ဝါသော ဗိသုကာလက်ရာများဖြင့် ကျော်ကြားသည့် City Palace၊ ၁၇၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ပြတင်းပေါက်ပေါင်း ၉၅၃ ခု ပါဝင်သည့် ထူးခြားလှပသော Hawa Mahal (Palace of Winds)၊ Jaipur မြို့၏ သမိုင်းဝင်ခံတပ်များအနက် တစ်ခုဖြစ်ပြီး ၁၇၃၄ ခုနှစ် Maharaja Sawai Jai Singh II လက်ထက်က တည်ဆောက်ခဲ့သော Aravalli တောင်တန်းပေါ်တွင် တည်ရှိကာ Jaipur မြို့ကို အပေါ်စီးမှ လှပစွာမြင်တွေ့နိုင်သည့် သမိုင်းဝင် Nahargarh Fort (Abode of Tigers) နှင့် ကမ္ဘာကျော် နက္ခတ္တဗေဒ လေ့လာရေးနေရာ Jantar Mantar တို့ကို အချိန်ရရှိမှုအပေါ်မူတည်၍ ဆက်လက်လည်ပတ်ကာ အမှတ်တရကောင်းများ ဖန်တီးကြမည်ဖြစ်ပါသည်။ ထို့နောက် Local Restaurant တွင် နေ့လယ်စာသုံးဆောင်ပြီးနောက် Agra မြို့သို့ ကားဖြင့် ထွက်ခွာမည်ဖြစ်ပါသည်။ Agra သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ Check-in ဝင်ကာ ညစာသုံးဆောင်ပြီးနောက် ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 6: Jaipur - Agra (B/L/D)
After breakfast at the hotel, begin exploring the iconic sights of Jaipur, renowned as the "Pink City" for its pink buildings and magnificent ancient architecture. First, visit the historic and legendary Amber Fort & Palace. Then, visit the grand City Palace, Hawa Mahal (Palace of Winds)—built in 1799 with 953 windows—Nahargarh Fort (Abode of Tigers) situated on the Aravalli Hills built in 1734 during the reign of Maharaja Sawai Jai Singh II offering panoramic views of Jaipur, and the world-famous astronomical observatory Jantar Mantar, depending on time availability. Following lunch at a local restaurant, drive to Agra. Upon arrival in Agra, check in at the hotel, have dinner, and rest for the night.
Day 7: အဂ္ဂရာ - ဒေလီ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Mughal Emperor Shah Jahan မှ ချစ်မြတ်နိုးရသော ဇနီး Mumtaz Mahal အတွက် ၁၆၃၁ မှ ၁၆၄၈ ခုနှစ်အတွင်း အဖြူရောင်စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ အထင်ကရဗိသုကာလက်ရာတစ်ခုဖြစ်ပြီး UNESCO World Heritage Site အဖြစ် အသိအမှတ်ပြုခံထားရသည့်အပြင် New 7 Wonders of the World စာရင်းဝင် ကမ္ဘာ့အံ့ဖွယ်အမွေအနှစ်တစ်ခုဖြစ်သည့် ကမ္ဘာကျော် Taj Mahal သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့နောက် အနီရောင်သဲကျောက်များဖြင့် တည်ဆောက်ထားသော Mughal ခေတ်၏ ခမ်းနားထည်ဝါသည့် ခံတပ်ကြီးဖြစ်ပြီး UNESCO World Heritage Site အဖြစ် အသိအမှတ်ပြုခံထားရသည့်အပြင် Agra မြို့၏ ထင်ရှားသော သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သည့် Agra Fort (Red Fort of Agra) သို့ ဆက်လက်သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Local Restaurant တွင် နေ့လယ်စာနှင့် ညစာ သုံးဆောင်ပြီးနောက် New Delhi မြို့သို့ ကားဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ New Delhi သို့ ရောက်ရှိပြီးနောက် တည်းခိုရန်စီစဉ်ထားသည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်၍ ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 7: Agra - Delhi (B/L/D)
After breakfast at the hotel, visit the world-famous Taj Mahal—built between 1631 and 1648 by Mughal Emperor Shah Jahan for his beloved wife Mumtaz Mahal, constructed of white marble, recognized as a UNESCO World Heritage Site, and listed as one of the New 7 Wonders of the World. Next, visit Agra Fort (Red Fort of Agra), a magnificent Mughal fortress built of red sandstone and also recognized as a UNESCO World Heritage Site. After enjoying lunch and dinner at a local restaurant, drive back to New Delhi. Upon arrival in New Delhi, check in at the hotel and rest well for the night.
Day 8: နယူဒေလီ - ရန်ကုန်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် New Delhi လေဆိပ်သို့ ထွက်ခွာမည်ဖြစ်ပါသည်။ ထို့နောက် Myanmar Airways International (MAI) လေယာဉ်ခရီးစဉ်အမှတ် (----) ဖြင့် နံနက် (---) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ New Delhi မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ခန့်မှန်းအားဖြင့် (---) နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များ၊ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားများနှင့် မမေ့နိုင်ဖွယ် ခရီးသွားအတွေ့အကြုံများကို အမှတ်တရအဖြစ် သိမ်းဆည်းကာ Kashmir ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်မည်ဖြစ်ပါသည်။
Day 8: New Delhi - Yangon
After breakfast at the hotel, transfer to New Delhi Airport. Depart from New Delhi, India, to Yangon via Myanmar Airways International (MAI) flight (----) at (---) hours in the morning, arriving back in Yangon around (---) hours estimated. Conclude the Kashmir tour successfully, keeping cherished memories of India's historical heritage, breathtaking natural beauty, and unforgettable travel experiences.