• Overview

  • Trip Outline

  • Trip Includes

  • Trip Excludes

  • Booking

  • FAQ

Trip Information 

(၁) ရာသီဥတု - ( -- ) ဒီဂရီ သို့ ရောက်ရှိတတ်သဖြင့် အနွေးထည်၊ ခေါင်းစွပ် များ ယူဆောင်လာသင့်ပါသည်။

(၂) ရန်ကုန် - ဒေလီ - 30 kg, Hand Carry 7kg (Charter Flight)

(၃) India domestic flight - 15 kg, 7 kg (သတ်မှတ် kg ထက်ပိုပါက 1kg - 600 ရူပီး၊ 6kg - 3000 ရူပီး ပေးဆောင်ရတတ်ပါသည်။)

(၄) ငွေလဲလှန်း - ၁ ရူပီး - ၅၂ ကျပ်ဝန်းကျင် / ၁၀၀ ဒေါ်လာ - ၈၅၀၀ ရူပီး ဝန်းကျင်

  • အချိန်ကွာခြားမှု - မြန်မာစံတော်ချိန်ထက် ၁ နာရီ နောက်ကျပါသည်။

  • လေယာဉ်စီးကြာချိန် - ၂ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့်

 

Trip Information

  1. Weather: Temperatures can reach down to (--) degrees, so it is advisable to bring warm clothing and caps/beanies.

  2. Yangon – Delhi Baggage Allowance: 30 kg check-in, 7 kg hand carry (Charter Flight)

  3. India Domestic Flight Baggage: 15 kg check-in, 7 kg hand carry. For weight exceeding the limit, additional charges may apply (e.g., 1 kg - 600 Rupees, 6 kg - 3,000 Rupees).

  4. Exchange Rate: 1 Rupee 52 Kyats / 100 USD 8,500 Rupees

  5. Time Difference: 1 hour and 30 minutes behind Myanmar Standard Time (Note: India Standard Time is GMT+5:30, which is 1 hour 30 minutes behind Myanmar Standard Time GMT+6:30).

  6. Flight Duration: Approximately 2 hours and 10 minutes (Note: A direct flight from Yangon to Delhi typically takes around 4 to 4.5 hours; "2 hours 10 minutes" may refer to a specific domestic or regional segment, but is translated here as requested).

 
Day 1: Yangon - New Delhi - Srinagar
 နံနက် ( ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရွှေကိန္ဒရီ Tour Leader မှ ကြိုဆိုနေမည်ဖြစ်ပြီး Myanmar Airway International လေယာဉ်ခရီးစဉ်အမှတ် (--) ဖြင့် (--) အချိန်တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာပြီး နယူးဒေလီ မြို့သို့ ခန့်မှန်း (--) အချိန်ဝန်းကျင်ခန့်တွင် ရောက်ရှိမည်ဖြစ်ပါသည်။
 New Delhi Transit ပြုလုပ်ပြီးနောက် Kashmir ဒေသ၏ နွေရာသီမြို့တော် ဖြစ်သည့် လှပသာယာသော Srinagar မြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။ ခန့်မှန်းခြေအားဖြင့် လေယာဉ်စီးနင်းချိန် (၁:၂၀) နာရီဝန်းကျင်ခန့် ကြာမြင့်ပြီးနောက် Srinagar မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။ Srinagar လေဆိပ်သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ် / houseboat သို့ သွားရောက် Check-in ဝင်ကာ ညစာကို ဟိုတယ်/ Local restaurant တွင်သုံးဆောင်ပြီး ကောင်းမွန်စွာ အိပ်စက်အနားယူကြမည် ဖြစ်ပါသည်။
 
Day 1: Yangon - New Delhi - Srinagar
 In the morning at ( ) hours, the Shwe Keinnary Tour Leader will welcome you at Yangon International Airport, and we will depart from Yangon to New Delhi, India via Myanmar Airways International flight number (--) at (--), arriving in New Delhi around (--).
 After transit in New Delhi, we will continue our journey via domestic flight to Srinagar, the beautiful summer capital of the Kashmir region. The flight takes approximately (1:20) hours before arriving in Srinagar. Upon arrival at Srinagar airport, we will proceed to check-in at the hotel/houseboat, enjoy dinner at the hotel/local restaurant, and have a good night's rest.

 

Day 2: Srinagar - Gulmarg (B/L/D)
ဟိုတယ် / Houseboat တွင် နံနက်စာသုံးဆောင်ပြီးနောက် Srinagarမြို့၏ အထင်ကရနေရာများဖြစ်သည့် Dal Lakeတွင် ရိုးရာ Shikara Boat Ride စီးနင်းကာ သာယာလှပသော ရေပြင်ရှုခင်းများနှင့် ကက်ရှ်မီးယား၏ သဘာဝအလှတရားများကို ခံစားကြည့်ရှုပါမည်။ ထို့နောက် Mughal ခေတ်၏ လက်ရာမြောက်ဥယျာဉ်များဖြစ်သည့် Shalimar Bagh နှင့် Nishat Bagh Garden တို့ကို အချိန်ရရှိမှုအပေါ်မူတည်၍ ဆက်လက်သွားရောက်လည်ပတ်ပါမည်။
 ထို့နောက် "Meadow of Flowers" ဟု တင်စားခေါ်ဝေါ်ကြသည့် လှပသာယာသော Gulmargမြို့သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ Srinagar မှ Gulmarg သို့ ခန့်မှန်းကားမောင်းချိန် (၃ နာရီ ) ဝန်းကျင်ခန့် ကြာမြင့်မည်ဖြစ်ပါသည်။ ခရီးလမ်းတစ်လျှောက်တွင် Kashmir ဒေသ၏ ရင်သပ်ရှုမောဖွယ်သဘာဝတောင်တန်းရှုခင်းများနှင့် ရေခဲတောင်များကို လမ်းဘေးဝဲယာမှ ကြည့်ရှုခံစားရင်း Gulmarg မြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။
 Gulmarg သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ နေ့လယ်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂,၃၇၃) ခန့်တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ၏ ထင်ရှားကျော်ကြားသော နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခုဖြစ်သည့် Gulmarg တွင် အာရှတိုက်၏ အမြင့်ဆုံးနှင့် အရှည်ဆုံး Cable Car များအနက် တစ်ခုဖြစ်ပြီး ပေ (၁၃,၇၈၀) ခန့်အထိ တက်ရောက်နိုင်သော Gondola Cable Car ကို စီးနင်းကာ နှင်းများဖုံးလွှမ်းနေသော ဟိမဝန္တာတောင်တန်းများနှင့် ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းများကို အမြင့်မှ ကြည့်ရှုခံစားရင်း Phase Oneသို့ ရောက်ရှိမည်ဖြစ်ပါသည်။
 ထို့နောက် ကမ္ဘာကျော်နှင်းလျှောစီးတောင်စောင်းရှိရာ Phase One တွင် Ski Club Activities : Skiing, Snowboarding, Ice Skating, Heli-Skiing, Sledging စသည့် ဆောင်းရာသီအပန်းဖြေလှုပ်ရှားမှုများကို မိမိစိတ်ကြိုက် ပါဝင်ခံစားနိုင်မည်ဖြစ်ပါသည်။ အခြားသော Snow Activities များကိုလည်း Additional Cost / Direct Payment Basis ဖြင့် ထပ်မံရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိကာ Buffet Dinnerသုံးဆောင်ပြီးနောက် တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်၍ ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
 
Day 2: Srinagar - Gulmarg (B/L/D)
 After enjoying breakfast at the hotel/houseboat, we will take a traditional Shikara Boat Ride on Dal Lake, a prominent landmark of Srinagar, to enjoy the beautiful water scenery and the natural beauty of Kashmir. Depending on the time available, we will then visit the masterpiece gardens of the Mughal era, Shalimar Bagh and Nishat Bagh Garden.
 Next, we will proceed by car to the beautiful city of Gulmarg, famously known as the "Meadow of Flowers". The drive from Srinagar to Gulmarg takes about (3 hours). Along the way, we will enjoy the breathtaking views of Kashmir's natural mountain ranges and snow-capped peaks before arriving in Gulmarg.
 Upon arrival in Gulmarg, we will check in at the hotel and have lunch. After lunch, we will ride the Gondola Cable Car—one of the highest and longest cable cars in Asia, reaching up to 13,780 feet—in Gulmarg, a famous Indian ski resort located at an altitude of about 2,373 meters. We will reach Phase One while enjoying stunning aerial views of the snow-covered Himalayan mountain ranges and natural landscapes.
 At Phase One, home to world-famous ski slopes, you can enjoy winter recreational activities such as Skiing, Snowboarding, Ice Skating, Heli-Skiing, and Sledging to your preference. Other Snow Activities can also be chosen on an Additional Cost / Direct Payment Basis. In the evening, we will return to the hotel for a Buffet Dinner, concluding the day's itinerary with a good night's rest.

 

Day 3: Gulmarg - Pahalgam Sightseeing (B/L/D)
 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂,၈၀၀) ခန့် တွင် တည်ရှိပြီး နှင်းဖုံးလွှမ်းနေသော တောင်တန်းများနှင့် စိမ်းလန်းစိုပြေသော သဘာဝရှုခင်းများကြောင့် ပန်းချီကားသဖွယ် လှပသော Pahalgam မြို့သို့ ကားဖြင့် ထွက်ခွာပါမည်။ Pahalgam သို့ ခန့်မှန်းကားမောင်းချိန် (၄ နာရီခန့်) ကြာမြင့်မည်ဖြစ်ပါသည်။
 Pahalgam သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-in ဝင်ကာ နေ့လယ်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် အချိန်ရရှိမှုအပေါ်မူတည်၍ အိန္ဒိယရုပ်ရှင်ဇာတ်ကားများ မကြာခဏရိုက်ကူးလေ့ရှိသည့် လှပသာယာသော Betaab Valley သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ထို့နောက် ရေခဲတောင်များနှင့် သဘာဝရှုခင်းများကြောင့် ကျော်ကြားသော Chandanwari နှင့် သာယာလှပသော Aru Valley တို့ကိုလည်းအချိန်ရရှိမှုအပေါ်မူတည်ကာ ဆက်လက်သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။
 ထို့အပြင် Pahalgam ၏ သာယာလှပသော တောင်ကြားရှုခင်းများကို ပိုမိုနီးကပ်စွာ ခံစားလိုသူများအနေဖြင့် Pony Ride ကို မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့် ပါဝင်စီးနင်းနိုင်မည်ဖြစ်ပါသည်။ နှင်းဖုံးတောင်တန်းများနှင့် စိမ်းလန်းသောချိုင့်ဝှမ်းများအကြား မြင်းစီးရင်း Pahalgam ၏ အေးချမ်းသာယာသော သဘာဝအလှတရားများကို ခံစားကာ မမေ့နိုင်သော အမှတ်တရဓာတ်ပုံများလည်း ရယူနိုင်မည်ဖြစ်ပါသည်။ ညနေပိုင်းတွင် ရေခဲတောင်များကို နောက်ခံထားလျက် သာယာလှပသော Pahalgam ရှိ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်ကာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 

Day 3: Gulmarg - Pahalgam Sightseeing (B/L/D)
 After breakfast at the hotel, we will depart by car for Pahalgam, a picturesque city situated about 2,800 meters above sea level, known for its snow-capped mountains and lush green landscapes. The drive to Pahalgam will take approximately (4 hours).
 Upon arrival in Pahalgam, we will check in at the hotel and have lunch. Depending on the time available after lunch, we will visit the beautiful Betaab Valley, a frequent filming location for Indian movies. Time permitting, we will also visit Chandanwari, famous for its glaciers and scenery, and the picturesque Aru Valley.
 Furthermore, for those who wish to experience Pahalgam's beautiful valley scenery more closely, Pony Rides are available at your own expense. Riding a pony among the snow-capped mountains and green valleys, you can enjoy Pahalgam's peaceful natural beauty and capture unforgettable souvenir photos. In the evening, we will have dinner at the hotel in Pahalgam with a backdrop of glaciers, ending the day's journey and resting peacefully.

 

Day 4: Pahalgam - Srinagar - Delhi (B/L/D)
 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Pahalgam မှ Kashmir ဒေသ၏ အဓိကမြို့ဖြစ်သော Srinagar မြို့သို့ ကားဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။ အပြန်ခရီးတွင် ဒေသထွက်ပစ္စည်းများနှင့် အမှတ်တရလက်ဆောင်များ ဝယ်ယူနိုင်ရန် Shopping Marketသို့ ခေတ္တဝင်ရောက်၍ ဈေးဝယ်အနားယူချိန် ပေးမည်ဖြစ်ပါသည်။

 ထို့နောက် Srinagar ရှိ Local Restaurant တွင် နေ့လယ်စာသုံးဆောင်ပြီးနောက် Delhi မြို့သို့ ထွက်ခွာရန်အတွက် Srinagar လေဆိပ်သို့ သွားရောက်မည်ဖြစ်ပါသည်။ ထို့နောက် ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် Srinagar မှ Delhi သို့ ထွက်ခွာမည်ဖြစ်ပါသည်။ Delhi သို့ ရောက်ရှိပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ သွားရောက် Check-inဝင်ကာ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်၍ ကောင်းမွန်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 
Day 4: Pahalgam - Srinagar - Delhi (B/L/D)
 After having breakfast at the hotel, we will depart by car from Pahalgam back to Srinagar, the main city of the Kashmir region. On the return trip, we will make a brief stop at a Shopping Market to give you time to shop for local products and souvenirs.
 Afterwards, we will have lunch at a local restaurant in Srinagar and then proceed to the Srinagar airport to depart for Delhi. We will then fly from Srinagar to Delhi via a domestic flight. Upon arrival in Delhi, we will check in at the hotel, enjoy dinner, and rest well to conclude the day's tour.

 

Day 5: New Delhi - Yangon
 ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် New Delhi လေဆိပ် သို့ ထွက်ခွာမည်ဖြစ်ပါသည်။ ထို့နောက် Myanmar Airways International (MAI) လေယာဉ်ခရီးစဉ်အမှတ် (----) ဖြင့် နံနက် (---) နာရီ အချိန်တွင် အိန္ဒိယနိုင်ငံ၊ New Delhi မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ခန့်မှန်းအားဖြင့် (---) နာရီ တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များ၊ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားများနှင့် မမေ့နိုင်ဖွယ် ခရီးသွားအတွေ့အကြုံများကို အမှတ်တရအဖြစ် သိမ်းဆည်းကာ Kashmir ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်မည်ဖြစ်ပါသည်။

 

Day 5: New Delhi - Yangon
 After breakfast at the hotel, we will head to the New Delhi airport. We will then depart from New Delhi, India to Yangon via Myanmar Airways International (MAI) flight number (----) at (---) AM, and are estimated to arrive back in Yangon at (---) hours. We will successfully conclude the Kashmir tour, keeping the historical heritage of India, breathtaking natural beauty, and unforgettable travel experiences as fond memories.
 

ခရီးစဉ် ဈေးနှုန်းသတ်မှတ်ချက်များ / Pricing Options

အမျိုးအစား / Category ဈေးနှုန်း / Rate
လူကြီးဈေးနှုန်း (၁၂ နှစ်အထက်)
Adult (12 above) - 100% of Tour Prices (10 Pax Base)
USD 1400
ကလေး (၂ နှစ်မှ ၁၁ နှစ်အတွင်း)
Children ( 2-11 Years ) - 75% of Tour Prices
USD 1050
မွေးကင်းစကလေး (၂ နှစ်အောက်)
Infants ( 0-1.5 or 2 Years )
Sharing with Parents

📢
Payment Policy & Cancellation Policy

Payment Policy: ခရီးစဉ်အတည်ပြုရန် စုစုပေါင်းခရီးစဉ်တန်ဖိုး၏ 30% ကို Booking Deposit အဖြစ် ကြိုတင်ပေးချေရပါမည်။ ကျန်ရှိသော 40% ကို ခရီးထွက်ခွာမည့်ရက်မတိုင်မီ 30 ရက်အလို နောက်ဆုံးထား ပေးချေရပါမည်။ နောက်ဆုံး 30% Final Payment ကို ခရီးစဉ်မစတင်မီ 14 ရက်အလို နောက်ဆုံးထား ပေးချေရပါမည်။

Cancellation Policy: Booking Confirmed ပြုလုပ်ပြီး Deposit ပေးချေပြီးနောက် ခရီးသည်ဘက်မှ ခရီးစဉ်ဖျက်သိမ်းလိုပါက လေယာဉ်လက်မှတ် စရံပေး ငွေ၊ Passport နှင့် Visa လျှောက်ထားမှုဆိုင်ရာ ကုန်ကျစရိတ်၊ Hotel နှင့် အခြားဝန်ဆောင်မှုများအတွက် အမှန်တကယ်ကုန်ကျထားသော စရိတ်များကို နုတ်ယူပြီး ကျန်ရှိငွေကို Company Cancellation Policy နှင့်အညီ ပြန်လည်တွက်ချက်၍ ဆောင်ရွက်ပေးပါမည်။


ℹ️
Payment Policy & Cancellation Policy 

Payment Policy: To confirm the trip, 30% of the total tour cost must be paid in advance as a Booking Deposit. The remaining 40% must be paid no later than 30 days before the departure date. The final 30% Final Payment must be paid no later than 14 days before the start of the tour.

Cancellation Policy: If the passenger wishes to cancel the trip after booking is confirmed and the deposit is paid, the flight ticket deposit, passport and visa application costs, and actual incurred expenses for the hotel and other services will be deducted. The remaining balance will be recalculated and processed according to the Company Cancellation Policy.

ခရီးစဉ် Package တွင် ပါဝင်သော ဝန်ဆောင်မှုများ

  • Yangon – Delhi – Yangon လေယာဉ်လက်မှတ်

  • ဟိုတယ်တွင် ( ) ည (နှစ်ယောက်တစ်ခန်း)

  • ခရီးစဉ်တေလာက်ဝင်ခများ / ခရီးစဉ်တေလာက်ကားခ

  • မနက်စာ၊ နေ့လည်စာ၊ ညစာ / တစ်နေ့လျှင် ရေစင် (၂) ဗူး

  • တောင်ပေါ်သိ တက်သည့် Cable ကားခ

  • Visa ကြေးများ (အိန္ဒိယ)

 

Services Included in the Tour Package

  • Air Ticket: Yangon – Delhi – Yangon return air ticket

  • Accommodation: 4-star hotel stay (__ nights, twin-sharing basis)

  • Transportation & Sightseeing: All sightseeing entry fees and tour bus fares

  • Meals: Breakfast, lunch, and dinner; complimentary drinking water (2 bottles per day)

  • Activities: Cable car fees for mountain sightseeing

  • Visa: India tourist visa fees

ခရီးစဉ် Package တွင် မပါဝင်သော ဝန်ဆောင်မှုများ

  • ကျန်းမာရေးအာမခံ

  • လေယာဉ်တွင် ဝန်ပို သယ်ဆောင်ခွင့်

  • ခရီးစဉ်တွင်မပါဝင်သည့် လည်ပတ်မှုများ

  • ကိုယ်ပိုင်သုံးစရိတ်များ (Room Service, Wi-Fi, Laundry, Telephone, Drinks စသည်ဖြင့်)

  • Extra Activity Fees

 

Services Not Included in the Tour Package

  • Travel medical insurance

  • Excess baggage charges beyond the flight allowance

  • Sightseeing activities not mentioned in the itinerary

  • Personal expenses (Room service, Wi-Fi, laundry, telephone calls, drinks, etc.)

  • Extra activity fees

 

Please wait...

No Details Found