- Overview
- Trip Outline
- Trip Includes
- Trip Excludes
- Gallery
- Booking
- FAQ
Day 1: ရန်ကုန် - ကွာလာလမ်ပူ - မလ္လကာ (ညစာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Malaysia Airlines MH 741 လေယာဉ်ဖြင့်ထွက်ခွာပြီမလေးရှားနိုင်ငံ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါမည်。 ဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီး ကွာလာလမ်ပူမြို့မှ ၂ နာရီခရီးရှိသည့် မလ္လကာမြို့သို့ ဆက်လက်ထွက်ခွာပါမည်。 မလ္လကာသို့ ရောက်ရှိသောအခါ ဒေသန္တရစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ check-in ဝင်ရောက်ကာ အိပ်စက်အနားယူပါမည်。
Day 1: Yangon - Kuala Lumpur - Melaka (D) Depart from Yangon International Airport via Malaysia Airlines MH 741 and arrive at Kuala Lumpur International Airport, Malaysia. Upon meeting the tour guide, proceed on a 2-hour journey from Kuala Lumpur to Melaka. After arriving in Melaka, enjoy dinner at a local restaurant, then check in to the hotel and rest for the night.
Day 2: မလ္လကာ - ကွာလာလမ်ပူ (မနက်စာ/နေ့လည်စာ) ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မလ္လကာမြို့တွင်း လည်ပတ်လေ့လာပါမည်။ မလ္လကာ၏ သက်တမ်းအရင့်ဆုံး ဗိသုကာလက်ရာများထဲမှ တစ်ခုဖြစ်သော Dutch Square၊ Stadthuys၊ ဥရောပခံတပ်ကြီး၏ အကြွင်းအကျန်တံခါးတစ်ချပ် (Porta de Santiago)၊ St. Paul's Hills နှင့် Jonker Street တို့ကို လေ့လာလည်ပတ်ပါမည်။ နေ့လည်စာကို ဒေသန္တရစားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပါမည်။ ထို့နောက် ကွာလာလမ်ပူသို့ ပြန်လည်ထွက်ခွာပြီး ဟိုတယ်တွင် Check-In ဝင်ရောက်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။ တည်းခိုမည့် 4 Star Hotel သည် Pavilion Shopping Mall နှင့် ၅ မိနစ်သာ လမ်းလျှောက်ရသည့်အတွက် ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်နိုင်ပါသည်။
Day 2: Melaka - Kuala Lumpur (B/L) After breakfast at the hotel, explore the historical sites of Melaka, which features some of the oldest architectural ruins including the Dutch Square, Stadthuys, the remnants of the European fortress gate (Porta de Santiago), and St. Paul's Hill, along with Jonker Street. Enjoy a delicious lunch at a local restaurant. Afterward, depart back to Kuala Lumpur, check in to the hotel, and stay overnight. Since the 4-star accommodation is just a 5-minute walk from Pavilion Shopping Mall, dinner can be enjoyed at your own leisure.
Day 3: ကွာလာလမ်ပူ - ဂင့်တင်းဟိုင်းလန်း (မနက်စာ/ညစာ) ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၀ မီတာ မြင့်ပြီး မလေးရှားနိုင်ငံ၏ တစ်ခုတည်းသော Casino Resort ဖြစ်သည့် Genting Highlands သို့ သွားရောက်လည်ပတ်ရန်အတွက် Cable Car Station သို့ ဆက်လက်ထွက်ခွာပါမည် (Cable Car စီးရန်အတွက် လက်မှတ်ဖိုးပါဝင်ပြီး)။ မိမိနှစ်သက်ရာ ကစားနည်းဖြင့် Casino Resort တွင် ကစားပါမည်။ Premium Outlet တွင် ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် မလေးရှားနိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သော Batu Caves သို့ ဝင်ရောက်လည်ပတ်ပါမည်။ Batu Caves မှအပြန်တွင် ကွာလာလမ်ပူသို့ပြန်ကာ ဒေသန္တရစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 3: Kuala Lumpur - Genting Highlands (B/D) After breakfast at the hotel, proceed to the Cable Car Station to visit Genting Highlands, located 2,000 meters above sea level and home to Malaysia's only casino resort (cable car ticket included). Enjoy gaming at the casino resort of your choice and go shopping at the Premium Outlet. Lunch will be at your own expense. Afterward, visit the iconic Batu Caves. On the way back from Batu Caves, return to Kuala Lumpur for dinner at a local restaurant, then head back to the hotel for the night.
Day 4: ကွာလာလမ်ပူ (မနက်စာ/နေ့လည်စာ) ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူမြို့တွင်း လေ့လာလည်ပတ်ပါမည်။ ဦးစွာ National Mosque၊ Independence Square၊ New King's Palace၊ The House of Parliament နှင့် Twin Towers တို့တွင် (အပြင်မှ) အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ နေ့လည်စာကို ဒေသန္တရစားသောက်ဆိုင်တွင် သုံးဆောင်ရမည်ဖြစ်ပါသည်။ ထို့နောက် Central Market၊ Chinatown & The Exchange TRX shopping mall တို့တွင် ဈေးဝယ်ထွက်ပါမည်။ တည်းခိုမည့် 4 Star Hotel သည် Pavilion Shopping Mall နှင့် ၅ မိနစ်သာ လမ်းလျှောက်ရသည့်အတွက် ညစာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်တွင် Check-In ဝင်ရောက်ပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။
Day 4: Kuala Lumpur (B/L) After breakfast at the hotel, embark on a city tour of Kuala Lumpur. First, take commemorative exterior photos at the National Mosque, Independence Square, New King's Palace, The House of Parliament, and the Twin Towers. Lunch will be served at a local restaurant. Afterward, enjoy shopping at Central Market, Chinatown, and The Exchange TRX shopping mall. As the 4-star hotel is a 5-minute walk from Pavilion Shopping Mall, you can enjoy dinner and a pleasant shopping experience at your own leisure before checking in to the hotel for an overnight stay.
Day 5: ကွာလာလမ်ပူ - ရန်ကုန် (မနက်စာ/နေ့လည်စာ) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးလျှင် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ Malaysia Airlines MH 741 ဖြင့် ( ) နာရီအချိန်တွင် ပြန်လည်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ( ) အချိန်တွင် ပြန်လည်ရောက်ရှိပါမည်။
ခရီးစဉ်ပြီးဆုံးပါပြီ
Day 5: Kuala Lumpur - Yangon (B/L) After breakfast at the hotel, depart from Kuala Lumpur International Airport via Malaysia Airlines MH 741 at ( ) hours and arrive back at Yangon International Airport at ( ) hours. End of our services
📢 ကလေးခရီးသည်များအတွက် အသိပေးချက်နှင့် ငွေပေးချေမှုစနစ်
လက်ရှိ စျေးနှုန်းရွေးချယ်မှုတွင် လူကြီး (Adult) စျေးနှုန်းကို အခြေခံထားပါသည်။ အကယ်၍ ကလေး (Child) ပါဝင်ပါက အထက်ဖော်ပြပါ ကလေးစျေးနှုန်းအတိုင်း တွက်ချက်ပေါင်းစပ်၍ ငွေပေးချေမှု ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
🧾 ငွေလွှဲပြေစာ (Payment Slip) ကို Upload တင်ပေးထားပါက Shwe Keinnary Travel အဖွဲ့သားများဘက်မှ အသေးစိတ် စစ်ဆေးအတည်ပြုပြီး ခရီးသည်စာရင်း (Booking List) တွင် တရားဝင် ထည့်သွင်းပေးသွားပါမည်။
ℹ️ Child Policy & Payment Instructions
The pricing selector above reflects the Adult fare. If you are traveling with children, please calculate the total amount by adding the specified child rates before proceeding with payment.
🧾 Once you upload your Payment Slip, the Shwe Keinnary Travel team will verify the payment and officially register all passengers to the confirmed travel list.
ခရီးစဉ်တွင် ပါဝင်သည့်ဝန်ဆောင်မှုများ -
-
ကြယ်လေးပွင့်ဟိုတယ်တွင် တည်းခိုခွင့် (နှစ်ယောက်တစ်ခန်း)
-
ခရီးစဉ်တစ်လျှောက် ဝင်ကြေးများ
-
မနက်စာ၊ နေ့လည်စာ
-
လေယာဉ်လက်မှတ် အသွား/အပြန်
-
မြန်မာတိုးလီဒါ နှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
Included Services:
-
4-star hotel accommodation (twin sharing)
-
Entrance fees throughout the itinerary
-
Breakfast and lunch
-
Return air tickets
-
Myanmar Tour Leader and local tour guide
ခရီးစဉ်တွင် မပါဝင်သည့် ဝန်ဆောင်မှုများ -
-
ကျန်းမာရေးအာမခံ
-
ညစာ
-
လေယာဉ်တွင် ဝန်ပိုသယ်ဆောင်ခွင့်
-
ခရီးစဉ်တွင် မပါဝင်သည့် လည်ပတ်မှုများ
-
ဟိုတယ်နှင့် စားသောက်ဆိုင်တွင် သီးသန့်မှာယူသည့် ရေသန့်၊ အအေးနှင့် အဖျော်ယမကာများ
Excluded Services:
-
Health insurance
-
Dinner
-
Excess baggage allowance on the flight
-
Optional tours not mentioned in the itinerary
-
Bottled water, soft drinks, and beverages ordered separately at hotels and restaurants
No details found.
Please wait...
No Details Found