• Overview

  • Trip Outline

  • Trip Includes

  • Trip Excludes

  • Booking

  • FAQ

Weather, and General Information

  • Estimated temperatures across destinations like Hanoi, Halong, Da Nang, and Hoi An range between 32°C and 33°C.
  • The exchange rates are approximately 1 USD to 23482.50 VND, and 1 VND to 0.089 MMK.
  • Vietnam uses 220 VOLTS / 50 HZ electricity, supporting Type C (European) and Type A (North American) wall outlets.
  • The local time zone is GMT +7, which is half an hour ahead of Myanmar Standard Time.

ရာသီဥတု နှင့် အထွေထွေအချက်အလက်များ

  • ဟနွိုင်း၊ ဟလောင်း၊ ဒါနန်း နှင့် ဟွိုင်အန်း အစရှိသော ဒေသများ၏ ခန့်မှန်းရာသီဥတုမှာ 32°C မှ 33°C ဝန်းကျင်ရှိပါသည်။
  • ငွေလဲလှယ်နှုန်းများမှာ အကြမ်းဖျင်းအားဖြင့် 1 USD လျှင် 23482.50 VND ရှိပြီး 1 VND လျှင် 0.089 MMK ရှိပါသည်။
  • ဗီယက်နမ်နိုင်ငံတွင် 220 VOLTS / 50 HZ မီးအားကို အသုံးပြုပြီး Type C (European) နှင့် Type A (North American) ပလပ်ခေါင်းအမျိုးအစားများကို အသုံးပြုနိုင်ပါသည်။
  • အချိန်ကွာခြားချက်မှာ (GMT +7) ဖြစ်သောကြောင့် မြန်မာစံတော်ချိန်ထက် နာရီဝက် စောမည်ဖြစ်ပါသည်။

 

Flight Details

 Myanmar Airway Internatonal And VietJet Airlines:

  • Yangon to Hanoi taking 2 hours,
  • Hanoi to Da Nang taking 1 hour and 25 minutes,
  •  Da Nang to Hanoi taking 1 hour and 25 minutes,
  •  Hanoi back to Yangon taking 2 hours.

လေယာဉ်အချိန်စာရင်းများမှာ

  • ရန်ကုန်မှ ဟနွိုင်းသို့  ၂ နာရီ၊
  • ဟနွိုင်းမှ ဒါနန်းသို့ ၁ နာရီ ၂၅ မိနစ်၊
  • ဒါနန်းမှ ဟနွိုင်းသို့ ၁ နာရီ ၂၅ မိနစ်၊
  • ဟနွိုင်းမှ ရန်ကုန်သို့ ၂ နာရီ ကြာမြင့်မည်ဖြစ်ပါသည်။

 

Day 1 (Yangon to Hanoi)

 You will meet the Shwe Keinnary Tour Leader at Yangon International Airport and check in at the Myanmar Airways International counter for Vietnam. Upon arrival at Noi Bai International Airport in Hanoi, a local guide will welcome you, transfer you to the hotel for check-in, and dinner will be served at a local restaurant before you enjoy Hanoi at night and rest.

၁ ရက်မြောက်နေ့ (ရန်ကုန် - ဟနွိုင်း)

 ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Shwe Keinnary Tour Leader နှင့် တွေ့ဆုံပြီး ဗီယက်နမ်သို့ထွက်ခွာရန် Myanmar Airways International Counter တွင် Check in ဝင်ရပါမည်။ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ဒေသခံဧည့်လမ်းညွှန်မှ ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ Check-in ဝင်ကာ ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟနွိုင်းညအလှကို ခံစားအနားယူရပါမည်။

 

Day 2 (Hanoi to Halong)

After breakfast, you will depart for Ha Long Bay, visiting the Dong Trieu pottery and ceramic village along the way for shopping. Upon reaching the Ha Long pier, you will board the Syrena Cruise, enjoy welcome drinks, check into a private cabin, and have lunch on board. You will then explore Surprise Cave (Sung Sot Cave), discovered by French scientists in 1901, and visit Titop Island to enjoy the view of Ha Long city from the mountain peak. The night will be spent on the cruise in the Ho Dong Tien area (near Drum Cave), featuring a cooking class by the chef, dinner, and optional squid fishing.

 ၂ ရက်မြောက်နေ့ (ဟနွိုင်း - ဟလောင်း)

ဟိုတယ်၌ မနက်စာသုံးဆောင်ပြီးနောက် ဟလောင်းသို့ ထွက်ခွာမည်ဖြစ်ကာ လမ်းတွင် Dong Trieu မြေအိုးနှင့် ကြွေထည်လုပ်ငန်းရွာသို့ ဝင်ရောက်လည်ပတ်ဈေးဝယ်ပါမည်။ ဟလောင်းသင်္ဘောဆိပ်သို့ရောက်လျှင် Syrena အပျော်စီးသင်္ဘောပေါ်မှ Welcome Drinks ဖြင့်ကြိုဆိုမည်ဖြစ်ပြီး သီးသန့်ခန်းတွင် Check-in ဝင်ကာ နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ၁၉၀၁ ခုနှစ်တွင် ပြင်သစ်သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သော Surprise Cave (Sung Sot Cave) သို့ လေ့လာလည်ပတ်မည်ဖြစ်ပြီး ညနေပိုင်းတွင် Titop ကမ်းခြေ၌ အနားယူကာ တောင်ထိပ်မှနေ၍ ဟလောင်းမြို့အလှကို ကြည့်ရှုပါမည်။ ညပိုင်းတွင် Ho Dong Tien ဧရိယာ၌ သင်္ဘောပေါ်တွင် အိပ်စက်မည်ဖြစ်ပြီး နေဝင်ချိန်တွင် စာဖိုမှူး၏ ဟင်းချက်ပြသမှုကိုကြည့်ရှုကာ ညစာသုံးဆောင်ပြီး ငါးမျှားခြင်းများ ပြုလုပ်နိုင်ပါသည်။

 

Day 3 (Halong to Hanoi)

The morning starts with Tai Chi at 06:00 AM on the cruise, followed by breakfast while enjoying the scenery of Ha Long Bay. The cruise will pass by Cua Van Fishing Village and the Fisherman's Museum before checking out and returning to the Tourist Wharf. After an early lunch at 10:00 AM, you will return to Hanoi, check into the hotel, take a walking tour along the ancient streets, and have dinner at a local restaurant.

၃ရက်မြောက်နေ့ (ဟလောင်း - ဟနွိုင်း)

မနက်ပိုင်း ၀၆:၀၀ နာရီတွင် သင်္ဘောပေါ်၌ Tai Chi လေ့ကျင့်မည်ဖြစ်ပြီး ဟလောင်းပင်လယ်အော်အလှကို ခံစားရင်း မနက်စာသုံးဆောင်ပါမည်။ Cua Van တံငါရွာများနှင့် Fishman's Museum ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး Check-out လုပ်ကာ Tourist Wharf သို့ သင်္ဘောဖြင့် ပြန်လည်ထွက်ခွာပါမည်။ မနက် ၁၀:၀၀ နာရီတွင် နေ့လည်စာသုံးဆောင်ပြီးနောက် ဟနွိုင်းသို့ပြန်လည်ထွက်ခွာမည်ဖြစ်ကာ ဟိုတယ်၌ Check-in ဝင်ပြီး ရှေးဟောင်းလမ်းများတစ်လျှောက် လမ်းလျှောက်ဈေးဝယ်ထွက်ခြင်းနှင့် ညစာသုံးဆောင်ခြင်းများ ပြုလုပ်ပါမည်။

 

Day 4 (Hanoi to Da Nang)

Morning sightseeing includes Ba Dinh Square (where Ho Chi Minh delivered his independence speech), Ho Chi Minh Mausoleum, Presidential Palace, House on Stilts, and One Pillar Pagoda. The tour continues to the Temple of Literature (Vietnam's first university), Hoan Kiem Lake, Tran Quoc Pagoda, and West Lake. Following lunch at a local restaurant, you will fly from Tan Son Nhat Airport to Da Nang International Airport via Vietnam Airlines, check into a hotel in Da Nang, and enjoy dinner.

၄ရက်မြောက်နေ့ (ဟနွိုင်း - ဒါနန်း)

မနက်စာစားပြီးနောက် ဟိုချီမင်း လွတ်လပ်ရေးမိန့်ခွန်းပြောကြားခဲ့ရာ Ba Dinh Square၊ Ho Chi Minh Mausoleum၊ Presidential Palace၊ House on Stilt နှင့် One Pillar Pagoda သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ဗီယက်နမ်၏ ပထမဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature၊ Hoan Kiem Lake၊ Tran Quoc Pagoda နှင့် West Lake တို့ကို လည်ပတ်ပါမည်။ နေ့လည်စာစားပြီးနောက် Vietnam Airlines ဖြင့် ဒါနန်းသို့ ပြည်တွင်းလေကြောင်းမှတစ်ဆင့် သွားရောက်မည်ဖြစ်ပြီး ဟိုတယ်သို့ Check-in ဝင်ကာ ညစာသုံးဆောင်ပါမည်။

 

Day 5 (Da Nang to Hoi An)

You will take a cable car to Ba Na Hill, situated in the Truong Son mountains, to see French-style buildings, the suspension bridge, Nui Chua, The Mountain Peak, the wine cellar at Vong Nguyet Villa, Linh Ung Pagoda, and Sakyamuni Buddha's Monument. You will also visit the 150-meter (490 feet) Golden Bridge held by giant hands. After lunch, you will transfer to Hoi An, check into the hotel, and explore the ancient town blending Chinese, Japanese, and European cultures, followed by dinner and experiencing the 17th-century vibe of Hoi An at night.

၅ရက်မြောက်နေ့ (ဒါနန်း - ဟွိုင်အန်း) 

Truong Son တောင်တန်းများရှိ ပြင်သစ်ပုံစံအဆောက်အဦးများတည်ရှိရာ Ba Na Hill သို့ Cable Car ဖြင့် သွားရောက်မည်ဖြစ်ပြီး ကြိုးတံတား၊ Nui Chua၊ The Mountain Peak၊ Vong Nguyet Villa ရှိ ဝိုင်သိုလှောင်ခန်း၊ Linh Ung Pagoda နှင့် Sakyamuni Buddha's Monument တို့ကို လည်ပတ်ပါမည်။ ထို့ပြင် ဧရာမလက်ကြီးများဖြင့် ပုံဖော်ထားသော အရှည် ၁၅၀ မီတာ (၄၉၀ ပေ) ရှိ Golden Bridge သို့လည်း သွားရောက်ပါမည်။ နေ့လည်စာစားပြီးနောက် ဟွိုင်အန်းသို့ ဆက်လက်ထွက်ခွာပြီး ဟိုတယ် Check-in ဝင်ကာ တရုတ်၊ ဂျပန်နှင့် ဥရောပယဉ်ကျေးမှုများလွှမ်းမိုးထားသည့် မြို့ဟောင်းအတွင်း လမ်းလျှောက်လည်ပတ်မည်ဖြစ်ပြီး ညစာသုံးဆောင်ပြီးနောက် ၁၇ ရာစုလက်ရာ ဟွိုင်အန်းရှေးဟောင်းညကို လွတ်လပ်စွာခံစားနိုင်ပါသည်။

 

Day 6 (Hoi An to Da Nang to Hanoi to Yangon)

You will visit the Son Tra Peninsula (10 km from Da Nang), Linh Ung Pagoda, and take photos at My Khe Beach, which is recognized by Forbes magazine as one of the world's most attractive beaches. After lunch, you will fly from Da Nang to Hanoi via Vietnam Airlines and then take a Myanmar Airways International flight back to Yangon, with dinner served on the plane and then concluding the Vietnam tour happily. 

၆ရက်မြောက်နေ့ (ဟွိုင်အန်း - ဒါနန်း - ဟနွိုင်း - ရန်ကုန်) 

ဒါနန်းမြို့မှ ၁၀ ကီလိုမီတာကွာဝေးသော Son Tra Peninsula၊ Linh Ung ဘုရားတို့သို့ သွားရောက်မည်ဖြစ်ပြီး Forbes မဂ္ဂဇင်းမှ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးကမ်းခြေအဖြစ် သတ်မှတ်ထားသော My Khe ကမ်းခြေတွင် ဓာတ်ပုံရိုက်ပါမည်။ နေ့လည်စာစားပြီးနောက် Vietnam Airlines ဖြင့် ဒါနန်းမှ ဟနွိုင်းသို့ ပျံသန်းမည်ဖြစ်ပြီး ထိုမှတစ်ဆင့် Myanmar Airways International ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ ညစာကို လေယာဉ်ပေါ်တွင် သုံးဆောင်ရမှာဖြစ်ပြီး ဗီယက်နမ်ခရီးစဉ်ပျော်ရွှင်စွာပြီးဆုံးပါပြီ။

 

 

Hotel Information

  • The 4-Star Flower Garden Hotel (or similar) in Hanoi,
  • The 4-Star Syrena Cruise (or similar) in Halong,
  • The 4-Star Serene Hotel (or similar) in Da Nang, and
  • A hotel in Hoi An.

ဟိုတယ်အချက်အလက်များ -

  • ဟနွိုင်းတွင် 4-Star Flower Garden Hotel (သို့) အလားတူ၊
  • ဟလောင်းတွင် 4-Star Syrena Cruise (သို့) အလားတူ၊
  • ဒါနန်းတွင် 4-Star Serene Hotel (သို့) အလားတူ နှင့်
  • ဟွိုင်အန်းရှိ ဟိုတယ်တို့တွင် တည်းခိုရမည်ဖြစ်ပါသည်။

 

ခရီးစဉ် ဈေးနှုန်းသတ်မှတ်ချက်များ / Pricing Options

အမျိုးအစား / Category ဈေးနှုန်း / Rate
လူကြီးဈေးနှုန်း - MAI Airline (4 Star)
Adult (15 Pax)
USD 1190
လူကြီးဈေးနှုန်း - IndiGo Airline (No Early Bird)
Adult (15 Pax)
USD 950
သီးသန့်တစ်ယောက်ခန်း
Single Supplement (SGL SUP)
USD 170

✈️ ရိုးရိုးတန်းလေယာဉ်လက်မှတ်ခများမှာ MAI အတွက် 280 USD နှင့် VietJet အတွက် 220 USD အသီးသီးဖြစ်ပြီး လေယာဉ်လက်မှတ်ဈေးနှုန်းပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း ပြောင်းလဲနိုင်ပါသည်။

Economy flight ticket prices are 280 USD for MAI and 220 USD for VietJet, and the total tour price may fluctuate based on flight ticket prices.

မှတ်ချက် (Child Policy)

အသက် ၄ နှစ်မှ ၁၁ နှစ်အောက် ကလေးများသည် မိဘနှင့်အတူ အခန်း/ကုတင် အတူသုံးရမည်ဖြစ်ပြီး ကုတင်သီးသန့်ယူပါက ခရီးစဉ်စရိတ် ၁၀၀% အပြည့်ပေးသွင်းရမည်ဖြစ်ကာ အသက် ၁၁ နှစ်အထက် ကလေးများသည်လည်း ခရီးစဉ်စရိတ် ၁၀၀% အပြည့်ပေးသွင်းရပါမည်။

Children aged 4 to under 11 must share a bed and room with their parents; if they need a separate bed, they must pay 100% of the tour fare. Children 11 years and older are charged 100% of the tour fare.

📢
ငွေပေးချေမှုနှင့် ပယ်ဖျက်ခြင်းဆိုင်ရာ (Payment & Cancellation Policy)

Payment Policy: ခရီးစဉ်ကို အတည်ပြုနိုင်ရန်အတွက် ပထမအရစ်အဖြစ် ၅၀% ကို ကြိုတင်ပေးချေရမည်ဖြစ်ပါသည်။ ကျန်ငွေ ၅၀% ကို ခရီးစဉ်မထွက်ခွာမီ ၁၅ ရက်အလိုတွင် ပေးချေရမည်ဖြစ်ပါသည်။

Cancellation Policy: ခရီးစဉ်ထွက်ခွာရန် ၁၅ ရက်အတွင်းမှ မလိုက်ဖြစ်ပါကလည်း လက်ကျန်ငွေ ၅၀% ကို ပေးချေရပါမည်။


ℹ️
Payment & Cancellation Policy (English)

Payment Policy: To confirm the booking, a 50% first installment payment is required. The remaining 50% balance must be paid 15 days before departure.

Cancellation Policy: If a cancellation occurs within 15 days of departure, the 50% balance remains payable.

Included Services

  • Yangon-Hanoi-Yangon and Hanoi-Da Nang-Hanoi economy flight tickets.
  • Airport taxes including a 20 KG luggage allowance.
  • Shared double-room accommodation in the specified star-rated hotels with breakfast, mentioned lunches and dinners.
  • A- private air-conditioned coach with an English-speaking guide.
  • All attraction entrance fees, and tips for the guide and driver.

ပါဝင်သောဝန်ဆောင်မှုများ

  • ရန်ကုန်-ဟနွိုင်း-ရန်ကုန် နှင့် ဟနွိုင်း-ဒါနန်း-ဟနွိုင်း ရိုးရိုးတန်းလက်မှတ်များ၊
  • 20 KG ဝန်စည်ပါဝင်သော လေဆိပ်ခွန်များ၊
  • သတ်မှတ်ထားသော ဟိုတယ်များတွင် မနက်စာအပါအဝင် နှစ်ယောက်တစ်ခန်း တည်းခိုခများ၊ ဖော်ပြထားသော နေ့လည်စာနှင့် ညစာများ၊
  • အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်ပါဝင်သော သီးသန့်အဲယားကွန်းကားများ၊
  • ဝင်ကြေးများအားလုံး နှင့် ဧည့်လမ်းညွှန်/ယာဉ်မောင်းတို့အတွက် Tip ငွေများ ပါဝင်ပါသည်။

Excluded Services

  • The tour excludes health and life insurance,
  • A Myanmar-English speaking Tour Leader,
  • Unmentioned activities or night shows,
  • Pay TV and telephone charges at hotels,
  • Personal expenses (such as bottled water, drinks, laundry),
  • Excess baggage fees, and
  •  Any unmentioned meals or expenses.

ခရီးစဉ်တွင် မပါဝင်သောဝန်ဆောင်မှုစရိတ်များ:

  • ခရီးစဉ်တွင် ကျန်းမာရေးနှင့် အသက်အာမခံဝယ်ယူစရိတ်၊
  • မြန်မာ-အင်္ဂလိပ်စကားပြော Tour Leader စီစဉ်ပေးမှု၊
  • ဖော်ပြမထားသော ညပွဲများအပါအဝင် အခြားလည်ပတ်မှုများ၊
  • ဟိုတယ်ရှိ Pay TV နှင့် ဖုန်းအသုံးပြုခများ၊
  • ရေသန့်၊ အချိုရည်နှင့် အဝတ်လျော်ခ အစရှိသော ကိုယ်ရေးကိုယ်တာအသုံးစရိတ်များ၊
  • ဝန်ပိုတန်ဆာခများ၊
  • ဖော်ပြမထားသော အစားအသောက်နှင့်
  • အခြားကုန်ကျစရိတ်များ မပါဝင်ပါ။
Please wait...

No Details Found