• Overview

  • Trip Outline

  • Trip Includes

  • Booking

This 7-night, 8-day tour organized by Shwe Keinnary Travel Services offers a combined pilgrimage and sightseeing trip to India and Bhutan. Starting from Yangon, the itinerary includes visiting Bodh Gaya to pay homage at the Mahabodhi Temple and exploring sacred historical sites in Rajgir and Nalanda. Travelers then fly to Bhutan via Druk Air to visit major attractions in Thimphu, Punakha, and Paro, including Tashichoe Dzong, Buddha Dordenma, Dochula Pass, Chimi Lhakhang, and the famous Taktsang (Tiger's Nest) Monastery. The tour also features cultural experiences such as wearing traditional Bhutanese attire, watching traditional dances, and trying archery, followed by a final return visit to Bodh Gaya before flying back to Yangon

ဒီ ၇ ညအိပ် ၈ ရက် အိန္ဒိယ-ဘူတန် ခရီးစဉ်သည် ရွှေကိန္နရီ ခရီးသွားဝန်ဆောင်မှုမှ စီစဉ်ပေးထားသော ဘုရားဖူးနှင့် အလည်အပတ် ခရီးစဉ်တစ်ခုဖြစ်ပါသည်။ ခရီးစဉ်အတွင်း ရန်ကုန်မှ စတင်ထွက်ခွာ၍ အိန္ဒိယနိုင်ငံ ဂယာမြို့ရှိ မဟာဗောဓိစေတီတော်၊ ရာဇဂြိုဟ်နှင့် နာလန္ဒာတက္ကသိုလ်ဟောင်းနေရာများကို သွားရောက်ဖူးမြော်လေ့လာမည်ဖြစ်သည်။ ထို့နောက် ဘူတန်နိုင်ငံသို့ Druk Air ဖြင့် ဆက်လက်ထွက်ခွာကာ မြို့တော် သင်ဖူးရှိ Tashichoe Dzong နှင့် Buddha Dordenma ရုပ်ပွားတော်၊ ဒိုချူလာတောင်ကြားလမ်း၊ ပူနာခါမြို့ရှိ Chimi Lhakhang နှင့် Simtokha Dzong၊ ပါရိုမြို့ရှိ ထင်ရှားလှသော Taktsang (Tiger's Nest) ဘုန်းကြီးကျောင်း၊ Drukgyel Dzong နှင့် Kyichu Lhakhang တို့ကို သွားရောက်လည်ပတ်မည်ဖြစ်သည်။ ထို့ပြင် ဘူတန်ရိုးရာ ဝတ်စုံများ ဝတ်ဆင်ခြင်း၊ ရိုးရာ အကပွဲများ ကြည့်ရှုခြင်းနှင့် မြှားပစ်နည်းများ ပါဝင်ဆင်နွှဲခြင်းတို့အပြင် မဟာဗောဓိစေတီတော်သို့ နောက်တစ်ကြိမ် ဝင်ရောက်ဖူးမြော်ကာ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်

English

  • Day 1: Yangon – Bodh Gaya
    • Depart from Yangon International Airport to Gaya.
    • Check in at the hotel or monastery.
    • Visit the Mahabodhi Temple to offer robes to the Bhumisparsha Buddha statue and pay respects at the Unconquerable Throne (Aparajita Pallanka).
    • Subject to available time, visit the Seven Sacred Places (Sattasattaha).
  • Day 2: Bodh Gaya – Rajgir – Nalanda – Bodh Gaya
    • Travel to Rajgir after breakfast.
    • Visit the World Peace Pagoda on Vulture Peak (Giddhakuta Hill) and Veluvana Bamboo Grove.
    • Enjoy lunch in Rajgir, then proceed to Nalanda to explore the ancient Nalanda University ruins and pay respects to the Black Buddha.
    • On the return trip, visit King Bimbisara's Jail, Chariot Wheel Tracks, Ajatashatru Stupa/Relic Vault, and Swarna Bhandar.
    • Return to Gaya (approx. 74 miles) for dinner and overnight stay.
  • Day 3: Bodh Gaya – Paro (Bhutan) – Thimphu
    • Transfer to Gaya Airport after breakfast and fly to Paro via Druk Air while viewing the Himalayas.
    • Drive from Paro Airport to Thimphu (approx. 55 km / 1.5 hours) and check in at the hotel.
    • Visit Tashichoe Dzong, the History Museum, and local cultural heritage sites.
    • Shopping at Thimphu Market in the evening and overnight stay.
  • Day 4: Thimphu – Punakha
    • Visit Buddha Point (Kuensel Phodrang) to see the 177-ft Buddha Dordenma statue.
    • Stop at Dochula Pass (10,200 ft) to view the 108 Druk Wangyal Chortens and the Himalayan range.
    • Drive to Punakha, visit a local village along the Punakha River, and stay overnight.
  • Day 5: Punakha – Paro
    • Visit Chimi Lhakhang (The Fertility Temple) in Sopsokha / Lobesa village.
    • Visit Simtokha Dzong, the oldest fortress in Bhutan.
    • After lunch, explore Ta Dzong (National Museum of Bhutan) and Rinpung Dzong (Paro Dzong).
    • Overnight stay at a hotel in Paro.
  • Day 6: Paro
    • Hike or ride a horse up to Taktsang Monastery (Tiger's Nest), located over 10,200 ft above sea level.
    • In the afternoon, visit the historic Drukgyel Dzong ruins.
    • Visit Kyichu Lhakhang, one of Bhutan's 7th-century temples built by Tibetan King Songtsen Gampo.
    • Overnight stay in Paro.
  • Day 7: Thimphu / Paro – Gaya
    • Transfer to Paro Airport after breakfast and fly back to Gaya.
    • Check in at the hotel in Gaya and have lunch.
    • Re-visit the Mahabodhi Temple for worship, followed by free time for souvenir shopping.
  • Day 8: Gaya – Yangon
    • Transfer to Gaya Airport after breakfast and fly back to Yangon.
    • Tiger's Nest Ascent to the mountain

      Bhutan Cultural Show Bhutan's traditional dance performance

      Bhutan Traditional Sport Bhutan's traditional sport

      • Depending on time availability, we will wear traditional Bhutanese costumes called Kira and Gho to take memorable photos at Bhutan's iconic landmarks and scenic spots.

      • We will watch traditional Bhutanese dances and personally participate in them.

      • We will join the locals in trying out archery, one of Bhutan's national sports.


Myanmar

  • Day 1: ရန်ကုန် – ဗုဒ္ဓဂယာ
    • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ ဂယာမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာခြင်း။
    • တည်းခိုမည့် ဟိုတယ်/ဘုန်းကြီးကျောင်းသို့ သွားရောက်အနားယူခြင်း။
    • မဟာဗောဓိစေတီရှိ ဘူမိဖဿဘုရားကို ကြာသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် အပရာဇိတ ပလ္လင်တော်သို့ သွားရောက်ဖူးမြော်ခြင်း။
    • အချိန်ရရှိမှုအပေါ် မူတည်၍ သတ္တသတ္တာဟ (၇)ဌာန နေရာများကို သွားရောက်ဖူးမြော်ခြင်း။
  • Day 2: ဗုဒ္ဓဂယာ – ရာဇဂြိုဟ် – နာလန္ဒာ – ဗုဒ္ဓဂယာ
    • နံနက်စာ သုံးဆောင်ပြီးနောက် ဗုဒ္ဓဂယာမှ ရာဇဂြိုဟ်မြို့သို့ ထွက်ခွာခြင်း။
    • ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေးဘုရားနှင့် ဝေဠုဝန်ကျောင်းတော်တို့ကို လေ့လာဖူးမြော်ခြင်း။
    • နေ့လယ်စာ သုံးဆောင်ပြီးနောက် နာလန္ဒာတက္ကသိုလ်ဟောင်းနေရာနှင့် Black Buddha ဘုရားကို ဖူးမြော်ခြင်း။
    • အပြန်လမ်းတွင် ဗိမ္ဗိသာရမင်းကြီး အကျဉ်းထောင်၊ ကျောက်လှည်းဘီးရာ၊ အဇာတသတ် ဓာတ်တော်တိုက်နှင့် ဆွန်းဘဏ္ဍာတိုက်တို့ကို သွားရောက်လေ့လာခြင်း။
    • ဂယာမြို့သို့ ပြန်လည်ထွက်ခွာ၍ ဟိုတယ်တွင် ညစာစားသုံးကာ အိပ်စက်အနားယူခြင်း။
  • Day 3: ဗုဒ္ဓဂယာ – ပါရို (ဘူတန်) – သင်ဖူး
    • နံနက်စာ သုံးဆောင်ပြီးနောက် ဂယာလေဆိပ်မှ ဘူတန်နိုင်ငံ ပါရိုမြို့သို့ Druk Air ဖြင့် ထွက်ခွာခြင်း။
    • ပါရိုလေဆိပ်မှ မြို့တော် သင်ဖူးမြို့သို့ (၅၅ ကီလိုမီတာ / ၁ နာရီခွဲခန့်) ကားဖြင့် ဆက်လက်ထွက်ခွာ၍ ဟိုတယ်တွင် Check-in ဝင်ခြင်း။
    • Tashichoe Dzong (သင်ဖူးဗိမ္မာန်တော်ကြီး)၊ သမိုင်းပြတိုက်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လှည့်ပတ်လေ့လာခြင်း။
    • ညနေပိုင်းတွင် သင်ဖူးဈေး၌ ဈေးဝယ်ထွက်ခြင်း။
  • Day 4: သင်ဖူး – ပူနာခါ
    • ၁၇၇ ပေ အမြင့်ရှိ Buddha Dordenma ဧရာမထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရန် Buddha Point သို့ သွားရောက်ခြင်း။
    • ပေ ၁ဝ၂ဝဝ အမြင့်ရှိ ဒိုချူလာတောင်ကြားလမ်း (Dochula Pass) တွင် ဘူတန်ပုံစေတီ (၁ဝ၈)ဆူနှင့် ဟိမဝန္တာတောင်တန်း ရှုမျှော်ခင်းများကို ကြည့်ရှုအမှတ်တရဓာတ်ပုံရိုက်ခြင်း။
    • ပူနာခါမြို့သို့ ဆက်လက်ထွက်ခွာ၍ ညနေပိုင်းတွင် ပူနာခါ မြစ်ကမ်းရှိ ကျေးရွာငယ်သို့ သွားရောက်လေ့လာခြင်း။
  • Day 5: ပူနာခါ – ပါရို
    • Sopsokha / Lobesa ရွာအနီးရှိ သားဆုပန် Chimi Lhakhang (The Fertility Temple) ဘုရားကျောင်းသို့ သွားရောက်လေ့လာခြင်း။
    • ဘူတန်နိုင်ငံ၏ ရှေးအကျဆုံး ခံတပ်ဖြစ်သော Simtokha Dzong သို့ သွားရောက်လေ့လာခြင်း။
    • နေ့လယ်စာ သုံးဆောင်ပြီးနောက် Ta Dzong (ဘူတန်အမျိုးသားပြတိုက်) နှင့် Rinpung Dzong (ပါရိုဗိမ္မာန်) တို့ကို သွားရောက်လေ့လာခြင်း။
    • ပါရိုမြို့ရှိ ဟိုတယ်၌ အိပ်စက်အနားယူခြင်း။
  • Day 6: ပါရို
    • ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁ဝ၂ဝဝ ကျော်အမြင့်ရှိ Taktsang (Tiger's Nest) ဘုန်းတော်ကြီးကျောင်းသို့ လမ်းလျှောက်၍သော်လည်းကောင်း၊ မြင်းစီး၍သော်လည်းကောင်း တက်ရောက်လည်ပတ်ခြင်း။
    • နေ့လယ်ပိုင်းတွင် Drukgyel Dzong ခံတပ်ဟောင်းသို့ သွားရောက်လည်ပတ်ခြင်း။
    • (၇)ရာစုတွင် တည်ဆောက်ခဲ့သော Kyichu Lhakhang ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခြင်း။
    • ပါရိုမြို့ရှိ ဟိုတယ်၌ ညစာသုံးဆောင်ပြီး အနားယူခြင်း။
  • Day 7: သင်ဖူး / ပါရို – ဂယာ
    • နံနက်စာ စားပြီးနောက် ပါရိုလေဆိပ်မှ ဂယာမြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခြင်း။
    • ဂယာမြို့ရှိ ဟိုတယ်တွင် ခေတ္တအနားယူပြီး မဟာဗောဓိစေတီတော်ကို ထပ်မံသွားရောက်ဖူးမြော်ခြင်း။
    • အိမ်အပြန်လက်ဆောင်များ ဝယ်ယူရန် ကိုယ်ပိုင်အချိန်ပေးခြင်း။
  • Day 8: ဂယာ – ရန်ကုန်
    • နံနက်စာ သုံးဆောင်ပြီးနောက် လေဆိပ်သို့ သွားရောက်ကာ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခြင်း။
    • Day 8 ဂယာ-ရန်ကုန်

      နံနက်စာသုံးဆောင်ပြီးနောက် လေဆိပ်သို့ဆင်းကာ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာရမည်ဖြစ်ပြီး အိန္ဒိယ-ဘူတန် နှစ်နိုင်ငံခရီးစဉ်ကို ပျော်ရွှင်စွာ အဆုံးသတ်မည်ဖြစ်ပါသည်။

      Tiger's Nest တောင်ပေါ်သို့အတက်

      Bhutan Cultural Show ဘူတန်နိုင်ငံ၏ရိုးရာအကပွဲ

      Bhutan Traditional Sport ဘူတန်နိုင်ငံ၏ရိုးရာအားကစား

      • အချိန်ရရှိမှုအပေါ်မူတည်ပြီး Kira and Gho ဆိုတဲ့ Bhutan ရိုးရာဝတ်စုံတွေဝတ်ပြီး ဘူတန်ရဲ့ အထင်ကရနေရာနဲ့ ရှုခင်းတွေမှာ အမှတ်တရတွေ ယူကြမယ်။

      • ဘူတန်ရိုးရာ အကပွဲတွေကို ကြည့်ကြမယ်။ ကိုယ်တိုင်ပါဝင်ဆင်နွှဲကြမယ်။

      • ဘူတန်ရဲ့ အမျိုးသားအားကစားနည်းတစ်ခုဖြစ်တဲ့ မြှားပစ်နည်းတွေကို ဒေသခံတွေနဲ့အတူ ပါဝင်ပစ်ကြည့်ကြမယ်။

No details found.

Please wait...