- Overview
- Trip Outline
- Trip Includes
- Trip Excludes
- Gallery
- Booking
- အမေးများသေားမေးခွန်းများ
Trip Information
- The flight duration to Dubai is approximately 6 hours and 30 minutes, and the time difference is 2 hours and 30 minutes.
- The weather ranges from 33°C to 42°C (June to August), 25°C to 38°C (September to October), 17°C to 30°C (November to March), and 26°C to 38°C (April to May).
- The primary language is Arabic, and the main diet consists of rice, vegetables, and meat.
- The meal plan includes 5 lunches and 5 dinners, and the currency used is UAE Dirham (AED), with exchange rates of 1 USD = 3.67 AED and 1 AED = 990 MMK.
Trip Information
- ဒူဘိုင်းသို့ လေယာဉ်စီးချိန်မှာ ခန့်မှန်းခြေအားဖြင့် ၆ နာရီ ၃၀ မိနစ်ဖြစ်ပြီး အချိန်ကွာခြားမှုမှာ ၂ နာရီ ၃၀ မိနစ် ဖြစ်ပါသည်။
- ရာသီဥတုမှာ ဇွန်လမှ ဩဂုတ်လအထိ 33°C မှ 42°C၊ စက်တင်ဘာလမှ အောက်တိုဘာလအထိ 25°C မှ 38°C၊ နိုဝင်ဘာလမှ မတ်လအထိ 17°C မှ 30°C နှင့် ဧပြီလမှ မေလအထိ 26°C မှ 38°C အသီးသီးရှိပါသည်။
- အဓိကပြောဆိုသော ဘာသာစကားမှာ အာရဗီ (Arabic) ဖြစ်ပြီး အဓိကအစားအစာအဖြစ် ထမင်း၊ အသီးအရွက်နှင့် အသားများကို စားသုံးကြပါသည်။
- စားသောက်မှုအစီအစဉ် (Meal Plan) တွင် နေ့လည်စာ ၅ နပ်နှင့် ညစာ ၅ နပ် ပါဝင်ပြီး၊ အသုံးပြုသည့်ငွေကြေးမှာ UAE Dirham (AED) ဖြစ်ကာ ငွေလဲလှယ်နှုန်းများမှာ 1 USD = 3.67 AED နှင့် 1 AED = 990 MMK ဖြစ်ပါသည်။
Day 1: In the morning, meet the Nice Fare Tour Leader at Yangon International Airport and check-in at the Myanmar Airways International counter to depart for Dubai. Upon arrival at Dubai International Airport, the tour guide will welcome the guests. Lunch will be served at City Palace Chinese Restaurant or via Buffet. After lunch, visit Dubai Harbour and enjoy a Yacht Cruise for about 2 hours, passing by Dubai Marina, West Marina, Dubai Crescent, Marina Mall, Cape Tower, JBR, Blue Water Island, and Ain Dubai Ferris Wheel. Next, depart for Abu Dhabi, the capital of the United Arab Emirates located on a T-shaped island on the central western coast of the Persian Gulf. Dinner will be served at Millennium Al Rawdah Hotel Buffet Restaurant, followed by hotel check-in and rest.
(၁ရက်မြောက်နေ့ ) - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Nice Fare Tour Leader နှင့် နံနက်ပိုင်းတွင် တွေ့ဆုံမည်ဖြစ်ပြီး ဒူဘိုင်းသို့ထွက်ခွာရန် Myanmar Airways International ကောင်တာတွင် Check-in ဝင်ပါမည်။ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။နေ့လည်စာကို City Palace Chinese Restaurant (သို့မဟုတ်) ဘူဖေး (Buffet) ဖြင့် တည်ခင်းဧည့်ခံပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းဆိပ်ကမ်း (Dubai Harbour) သို့သွားရောက်ကာ Yacht Cruise ကို ၂ နာရီခန့် စီးနင်းပါမည် (Dubai Marina, West Marina, Dubai Crescent, Marina Mall, Cape Tower, JBR, Blue Water Island နှင့် Ain Dubai Ferris Wheel တို့ကို ဖြတ်သန်းပါမည်)။ထို့နောက် ယူအေအီး (UAE) နိုင်ငံ၏ မြို့တော်ဖြစ်သော ပါရှန်းပင်လယ်ကွေ့ အနောက်အလယ်ပိုင်းကမ်းခြေရှိ အင်္ဂလိပ်အက္ခရာ တီ (T) ပုံသဏ္ဍာန် ကျွန်းကလေးပေါ်တွင်တည်ရှိသည့် အဘူဒါဘီ (Abu Dhabi) သို့ ဆက်လက်ထွက်ခွာပါမည်။ညစာကို Millennium Al Rawdah Hotel Buffet Restaurant တွင် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး ထို့နောက် ဟိုတယ်တွင် Check-in ဝင်ကာ အိပ်စက်အနားယူပါမည်။
Day 2: After having breakfast at the hotel, visit the Grand Mosque, the largest mosque in the country. Take memorial photos outside the Emirate Palace, a luxury 5-star hotel in Abu Dhabi, and enjoy the experience of drinking Gold Coffee. Continue to take photos in front of the Capital Gate Building, Aldar Headquarter, Corniche Beach, and Union Square. Enjoy a buffet lunch at Sofitel Hotel and then visit Jubail Mangrove Park to experience kayaking (boardwalk ticket included).Dinner will be a Chinese Set Menu at City Palace, followed by a return to the hotel to rest.
(၂ရက်မြောက်နေ့ ) - ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နိုင်ငံ၏အကြီးဆုံးဗလီဖြစ်သော Grand Mosque သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။အဘူဒါဘီရှိ ဇိမ်ခံကြယ်ငါးပွင့်ဟိုတယ်ဖြစ်သော Emirate Palace အပြင်ဘက်တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးပြီး ရွှေကော်ဖီ (Gold Coffee) ကို စမ်းသပ်သောက်သုံးကာ အတွေ့အကြုံသစ်ကို ခံစားပါမည်။ထိုမှတဆင့် Capital Gate Building, Aldar Headquarter, Corniche Beach နှင့် Union Square တို့ရှေ့တွင် အမှတ်တရဓာတ်ပုံများ ဆက်လက်ရိုက်ကူးပါမည်။နေ့လည်စာကို Sofitel Hotel ဘူဖေးစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး ထို့နောက် Jubail Mangrove Park သို့သွားရောက်ကာ ကယက်လှေ (Kayaking) စီးနင်းခြင်းကို ခံစားပါမည် (Board Walk Ticket ပါဝင်ပါသည်)။ညစာကို City Palace တွင် Chinese Set Menu ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး ညစာစားပြီးနောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 3: After breakfast at the hotel, check out and drive for about 2 hours to Dubai. Visit the Dubai Miracle Garden, the world's largest natural flower garden, opened on Valentine's Day 2013, covering over 72,000 square meters with over 50 million flowers and 250 million plants. Take the Palm or Arabian Monorail (one way) from The Palm Gateway Monorail Station to Atlantis Aqua venture Monorail Station, enjoying beautiful views on the way to the Atlantis Hotel. Take memorial photos in front of the Atlantis Hotel, followed by lunch at Seven Star Hot Pot Buffet or a Buffet Restaurant. After lunch, take photos in front of Dubai Marina, and if time permits, go shopping at Marina Mall or Mall of the Emirate. Have dinner at Kaleidoscope Restaurant in Atlantis the Palm Hotel, check into the hotel, and rest.
(၃ရက်မြောက်နေ့ ) - ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out လုပ်ကာ ဒူဘိုင်းသို့ ကားဖြင့် ၂ နာရီခန့် မောင်းနှင်ထွက်ခွာပါမည်။၂၀၁၃ ခုနှစ် ချစ်သူများနေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စတုရန်းမီတာ ၇၂,၀၀၀ ကျယ်ဝန်းကာ ပန်းပေါင်း ၅၀ သန်းကျော်နှင့် အပင်ပေါင်း ၂၅၀ သန်းကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်ကြီးဖြစ်သော Dubai Miracle Garden သို့ သွားရောက်လည်ပတ်ပါမည်။The Palm Gate Away Monorail Station မှတဆင့် Atlantis Aqua venture Monorail Station သို့ Monorail (အသွားတစ်ကြောင်းစာ) ဖြင့် လှပသောရှုခင်းများကိုခံစားရင်း Atlantis ကျွန်းရှိ Atlantis Hotel သို့ သွားရောက်ပါမည်။Atlantis Hotel ရှေ့တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးပြီးနောက် နေ့လည်စာကို Seven Star Hot Pot Buffet သို့မဟုတ် ဘူဖေးစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Dubai Marina ရှေ့တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးမည်ဖြစ်ပြီး အချိန်ရပါက Marina Mall သို့မဟုတ် Mall of the Emirate တွင် စျေးဝယ်ထွက်ပါမည်။ညစာကို Atlantis the Palm Hotel ရှိ Kalediscope Restaurant တွင် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး ထို့နောက် ဟိုတယ်တွင် Check-in ဝင်ကာ အိပ်စက်အနားယူပါမည်။
Day 4: After breakfast, take a walking tour around the historic Al Fahidi neighborhood (known as Bastakiya) and take photos outside the Dubai Museum, the city's oldest existing building constructed in 1787 (currently closed temporarily). Ride the traditional Abra boat, then visit the Spice Souk, known as Dubai's largest spice market, featuring various spices, incense, and traditional products. Next, proceed to the Gold Souk, one of the world's most famous gold jewelry trading centers, to buy gifts. Enjoy a buffet lunch at Daniel Star Restaurant, return to the hotel for a brief rest, and then meet the guide in the lobby in the afternoon for the Desert Safari. Experience the new thrill of camel riding on sand dunes, get traditional Henna hand paintings, and wear Arabic local dresses for memorial photos (professional photographer requires extra fee). Watch Belly Dance performances while enjoying a delicious BBQ dinner, then return to the hotel to rest.
(၄ရက်မြောက်နေ့ ) - နံနက်စာသုံးဆောင်ပြီးနောက် Bastakiya ဟုလူသိများသော သမိုင်းဝင်ရပ်ကွက် Al Fahidi သို့ လမ်းလျှောက်လည်ပတ်မည်ဖြစ်ပြီး ၁၇၈၇ ခုနှစ်က တည်ဆောက်ခဲ့သော ဒူဘိုင်း၏ ရှေးအကျဆုံး အဆောက်အအုံဖြစ်သည့် Dubai Museum အပြင်ဘက်တွင် ဓာတ်ပုံရိုက်ကူးပါမည် (ယခုအခါ ယာယီပိတ်ထားပါသည်)။ထို့နောက် Abra Traditional Boat (ရိုးရာလှေ) ကို စီးနင်းမည်ဖြစ်ပြီး ဒူဘိုင်း၏ အကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်စျေးဟု လူသိများသည့် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၊ နံ့သာပေါင်းစုံနှင့် ရိုးရာထုတ်ကုန်များရှိသော Spice Souk သို့ သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ရွှေလက်ဝတ်ရတနာ အရောင်းအဝယ်စင်တာများအနက် တစ်ခုဖြစ်သော Gold Souk သို့သွားရောက်ကာ လက်ဆောင်များ ဝယ်ယူကြပါမည်။နေ့လည်စာကို Daniel Star Restaurant တွင် ဘူဖေးဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး ဟိုတယ်သို့ပြန်ကာ ခေတ္တအနားယူပြီးနောက် နေ့လည်ပိုင်းတွင် လော်ဘီ (Lobby) ၌ ဧည့်လမ်းညွှန်နှင့်တွေ့ဆုံကာ Desert Safari သို့ သွားရောက်ပါမည်။သဲခုံများပေါ်တွင် ကုလားအုတ်စီးရင်း ရင်ခုန်စရာအတွေ့အကြုံသစ်ကို ခံစားကာ လက်ပေါ်တွင် ဟင်္နာ (Henna) ပန်းချီများဆွဲခြင်း၊ အာရပ်ရိုးရာဝတ်စုံ (Arabic local dress) ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ပါမည် (Professional Photographer ဖြင့် ရိုက်ကူးလိုပါက အပိုကြေးပေးဆောင်ရပါမည်)။Belly Dance အကအလှများကို ကြည့်ရှုခံစားရင်း အရသာရှိသော BBQ ညစာကို သုံးဆောင်မည်ဖြစ်ပြီး ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 5: After breakfast, a Black or White Cadillac Escalade Limousine will pick guests up at the hotel for about a 1-hour ride to take photos outside Zabeel Park and Zabeel Palace in Dubai's Zabeel district. Visit the Dubai Frame inside Zabeel Park, holding the record as the world's largest frame at 150.24 meters high and 95.53 meters wide, offering views of old Dubai to the north and modern Dubai to the south. Drive past the Jumeirah Mosque and stop for photos outside the world's most expensive luxury hotel, Burj Al Arab Hotel, on the famous Jumeirah beach. Take additional photos in front of Madinat Souk Jumeirah, then have a buffet lunch at Daniel Restaurant. After lunch, visit the 124th floor of the Burj Khalifa to enjoy the scenic surroundings, followed by shopping at Dubai Mall. Watch the Water Fountain Show at Dubai Mall at 18:00, then enjoy a buffet dinner at Lamesa Restaurant before returning to the hotel to rest.
(၅ရက်မြောက်နေ့ ) - နံနက်စာသုံးဆောင်ပြီးနောက် အနက်ရောင် သို့မဟုတ် အဖြူရောင် Cadillac Escalade (Limousine) ဖြင့် ဟိုတယ်သို့ လာရောက်ကြိုဆိုကာ ၁ နာရီခန့်စီးနင်းပြီး ဒူဘိုင်း၏ Zabeel ခရိုင်ရှိ Zabeel Park နှင့် Zabeel Palace အပြင်ဘက်တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးရန် ပို့ဆောင်ပေးပါမည်။ထို့နောက် Zabeel Park အတွင်းရှိ အမြင့် 150.24 မီတာနှင့် အကျယ် 95.53 မီတာရှိကာ ကမ္ဘာ့အကြီးဆုံးဘောင်အဖြစ် စံချိန်တင်ထားသော Dubai Frame သို့ ဝင်ရောက်လည်ပတ်ကာ မြောက်ဘက်ရှိ ဒူဘိုင်းမြို့ဟောင်းမြင်ကွင်းနှင့် တောင်ဘက်ရှိ ခေတ်သစ်ဒူဘိုင်းမြင်ကွင်းများကို ကြည့်ရှုခံစားပါမည်။Jumeirah Mosque ကို ဖြတ်သန်းမောင်းနှင်ပြီး နာမည်ကြီး Jumeirah ကမ်းခြေရှိ ကမ္ဘာ့စျေးအကြီးဆုံး ဇိမ်ခံဟိုတယ်ဖြစ်သော Burj Al Arab Hotel အပြင်ဘက်တွင် ခေတ္တရပ်နားကာ ဓာတ်ပုံရိုက်ကူးပါမည်။Madinat Souk Jumeirah ရှေ့တွင် အမှတ်တရဓာတ်ပုံများ ထပ်မံရိုက်ကူးပြီးနောက် နေ့လည်စာကို Daniel Restaurant တွင် ဘူဖေးဖြင့် တည်ခင်းဧည့်ခံပါမည်။နေ့လည်စာစားပြီးနောက် Burj Khalifa ၏ ၁၂၄ ထပ်သို့ တက်ရောက်ကာ ပတ်ဝန်းကျင်အလှတရားများကို ခံစားမည်ဖြစ်ပြီး Dubai Mall တွင် စျေးဝယ်ထွက်ပါမည်။ညနေ ၆ နာရီ (၁၈:၀၀) တွင် Dubai Mall ရှိ ရေပန်းပြပွဲ (Water Fountain Show) ကို ကြည့်ရှုခံစားမည်ဖြစ်ပြီး ညစာကို Lamesa Restaurant တွင် ဘူဖေးဖြင့် တည်ခင်းဧည့်ခံကာ ဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမည်။
Day 6: After breakfast at the hotel, depart for Dubai International Airport to return to Myanmar. Check-in at the Myanmar Airways International counter, depart from Dubai International Airport, and arrive safely at Yangon International Airport, marking the happy end of the Dubai - Abu Dhabi trip.
(၆ရက်မြောက်နေ့ ) - ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။Myanmar Airways International ကောင်တာတွင် Check-in ဝင်ကာ ဒူဘိုင်းလေဆိပ်မှ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ဒူဘိုင်း-အဘူဒါဘီ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးမည်ဖြစ်ပါသည်။
✈️ ရိုးရိုးတန်း (Economy Class) လေယာဉ်လက်မှတ်စျေးနှုန်းမှာ 975 USD ဖြစ်ပြီး လေယာဉ်လက်မှတ်စျေးနှုန်း အပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်စျေးနှုန်း ပြောင်းလဲနိုင်ပါသည်။
The flight ticket price is 975 USD for Economy Class, and the overall tour package price is subject to change depending on flight ticket price fluctuations.
📢
ငွေပေးချေမှုနှင့် ပယ်ဖျက်ခြင်းဆိုင်ရာ (Payment & Cancellation Policy)
Payment Policy: ခရီးစဉ်ကြိုတင်စာရင်းပေးသွင်းခြင်းကို အတည်ပြုရန်အတွက် ပထမအရစ် ၅၀% ကို ပေးချေရမည်ဖြစ်ပြီး၊ ကျန် ၅၀% ကို ခရီးစဉ်မထွက်ခွာမီ ၁၅ ရက်အလိုတွင် ပေးချေရပါမည်။
Cancellation Policy: ခရီးစဉ်မထွက်ခွာမီ ၁၅ ရက်အတွင်းမှ မလိုက်ဖြစ်ပါကလည်း လက်ကျန်ငွေ ၅၀% ကို ပေးချေရမည်ဖြစ်ပါသည်။
ℹ️
Payment & Cancellation Policy (English)
Payment Policy: To confirm the booking, a 50% first installment deposit is required, and the remaining 50% must be paid 15 days before departure.
Cancellation Policy: If the trip is cancelled within 15 days of departure, the remaining 50% must still be paid.
Inclusions:
Round trip Yangon-Dubai flight tickets, Dubai Visa and Insurance fees, airport taxes with 20 KG luggage per person, 2 pax per room in 4-star (or similar) hotels including breakfast, lunches and dinners as mentioned in the itinerary, local English speaking guide, airport transfers and private transport for sightseeing, all attraction fees, Myanmar-English speaking Tour Leader, and tips for guide and driver.
ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများမှာ
ရန်ကုန်-ဒူဘိုင်း အသွားအပြန် လေယာဉ်လက်မှတ်၊ ဒူဘိုင်း ဗီဇာနှင့် အာမခံကြေး၊ လူတစ်ဦးလျှင် ခရီးဆောင်အိတ် 20 KG အပါအဝင် လေဆိပ်ခွန်များ၊ ကြယ်ပွင့်အဆင့်မြင့် ဟိုတယ်များတွင် နံနက်စာအပါအဝင် အခန်းတစ်ခန်းလျှင် ၂ ဦးနှုန်း တည်းခိုခများ၊ ခရီးစဉ်တွင်ဖော်ပြထားသော နေ့လည်စာနှင့် ညစာများ၊ ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဖြင့် လေဆိပ်အကြို/အပို့နှင့် သီးသန့်ကားများဖြင့် လည်ပတ်ခြင်းများ၊ ဝင်ကြေးများ (All attractions fees)၊ မြန်မာ-အင်္ဂလိပ် စကားပြော Tour Leader နှင့် ဧည့်လမ်းညွှန်/ယာဉ်မောင်းများအတွက် Tip ငွေများ ပါဝင်ပါသည်။
Exclusions:
Optional tours or night events not mentioned, hotel Mini-bar, Pay TV, and telephone costs, personal expenses (bottled water, soft drinks, liquor, laundry), meals not mentioned, and any other costs not specified in the itinerary.
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများမှာ
ခရီးစဉ်တွင် မပါဝင်သော အစီအစဉ်များ/ညပွဲများအတွက် အပိုကုန်ကျစရိတ်များ၊ ဟိုတယ်ရှိ Mini-bar, Pay TV နှင့် ဖုန်းအသုံးပြုခများ၊ ကိုယ်ရေးကိုယ်တာ သုံးစရိတ်များ (ရေသန့်၊ အချိုရည်၊ အရက်သေစာ၊ အဝတ်လျှော်ခ စသည်)၊ ဖော်ပြမထားသော အစားအသောက်စရိတ်များနှင့် အခြားကုန်ကျစရိတ်များ ဖြစ်ပါသည်။
No Details Found