- Overview
- Trip Outline
- Trip Includes
- Gallery
- Booking
ဤခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၇၅၀ (လေယာဉ်လက်မှတ်မပါ) ကုန်ကျမည်ဖြစ်ပြီး ရှန်ဟိုင်းတွင် Sunrise On The Bund နှင့် ချုံချင့်တွင် SSAW Boutique Hotel ဟူသော 4-Star ဟိုတယ်များ၌ တည်းခိုရမည်ဖြစ်ပါသည်။ လျှပ်စစ်ပလပ်ခေါင်း Type A အသုံးပြုပြီး ဒေသစံတော်ချိန်မှာ မြန်မာထက် ၁ နာရီခွဲ စောပါသည်။
The package costs USD 1750 (excluding YGN-Shanghai-YGN flights) and includes stays at 4-star hotels such as Sunrise On The Bund in Shanghai and SSAW Boutique Hotel in Chongqing. Note that Type A electrical plugs are used, and the local time in China is 1 hour and 30 minutes ahead of Myanmar.
Day 1: ရန်ကုန် - ရှန်ဟိုင်း (၂၂.၁၁.၂၀၂၆) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Departure Gate - 4 တွင် Shwe Keinnary Tour Leader နှင့် တွေ့ဆုံပြီး China Airway ကောင်တာတွင် Check-in ပြုလုပ်ကာ ရှန်ဟိုင်းသို့ ထွက်ခွာပါမည်။ ခန့်မှန်းခြေ ၈ နာရီခန့် လေယာဉ်စီးရမည်ဖြစ်ပြီး ရှန်ဟိုင်းသို့ရောက်ရှိချိန်တွင် ဒေသခံ Tour Leader မှ လာရောက်ကြိုဆိုကာ ဟိုတယ်သို့ Check-in ဝင်ရောက်အနားယူပါမည်။ အားလပ်ချိန်တွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် Huangpu မြစ်ကမ်း၊ Yu Garden နှင့် လမ်းဘေးအစားအစာများကို လေ့လာခံစားနိုင်ပါသည်။
Day 1: Yangon - Shanghai (22.Nov.2026) You will meet the Shwe Keinnary Tour Leader at Departure Gate - 4 of Yangon International Airport, check in at the China Airway counter, and depart for Shanghai. The flight will take approximately 8 hours, and upon arrival in Shanghai, a local Tour Leader will welcome you and transfer you to the hotel for check-in and rest. During your free time, you can explore the Huangpu River cruise, Yu Garden, and local street food on your own.
Day 2: ရှန်ဟိုင်းမြို့တွင်းလည်ပတ်ခြင်း (၂၃.၁၁.၂၀၂၆) ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၁၉၅၂ ခုနှစ်က တည်ထောင်ခဲ့သော ရှန်ဟိုင်းပြတိုက်သို့ သွားရောက်ကာ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို လေ့လာပါမည်။ ထို့နောက် Shanghai Tower Observation Deck မှ ရှန်ဟိုင်းမြို့အပေါ်စီးရှုခင်းကို ကြည့်ရှုပြီး၊ ၁၆ ရာစု မင်မင်းဆက်ခေတ်က တည်ဆောက်ခဲ့သော Yu Garden နှင့် Yuyuan Bazaar တွင် ဈေးဝယ်ထွက်ပါမည်။ နေ့လယ်ပိုင်းတွင် Nanjing Road လူသွားလမ်း၌ လမ်းလျှောက်ပြီး ညပိုင်းတွင် The Bund သို့သွားရောက်ကာ သမိုင်းဝင်အဆောက်အအုံများနှင့် Pudong Skyline ၏ ညအလှကို ခံစားပြီး ဟိုတယ်သို့ ပြန်လည်အနားယူပါမည်။
Day 2: Shanghai City Discovery (23.Nov.2026) After breakfast at the hotel, you will visit the Shanghai Museum, founded in 1952, to explore ancient cultural and art artifacts. Next, you will enjoy a panoramic view of the city from the Shanghai Tower Observation Deck, followed by a visit to the 16th-century Ming Dynasty Yu Garden and Yuyuan Bazaar for shopping. In the afternoon, you will stroll along the Nanjing Road Pedestrian Street, and in the evening, visit The Bund to enjoy the historical buildings and the bright Pudong Skyline before returning to the hotel to rest.
Day 3: ရှန်ဟိုင်း - ဆူကျိုး (၂၄.၁၁.၂၀၂၆) ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အရှေ့တိုင်း၏ ဗင်းနစ်မြို့ဟု တင်စားရသော ဆူကျိုးမြို့ (Suzhou) သို့ ခရီးဆက်ပါမည်။ Suzhou Garden Museum နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Humble Administrator's Garden သို့ သွားရောက်လည်ပတ်ပါမည်။ နှစ်ပေါင်း ၂,၅၀၀ ခန့် သမိုင်းကြောင်းရှိသည့် Tiger Hill (Yunyan Pagoda) နှင့် Shantang Street တို့ရှိ ရှေးဟောင်းတူးမြောင်းဘေးမှ ရိုးရာအိမ်များ၊ လမ်းဘေးအစားအစာများကို လေ့လာခံစားပြီးနောက် ရှန်ဟိုင်းမြို့သို့ ပြန်လည်ထွက်ခွာ အနားယူပါမည်။
Day 3: Shanghai - Suzhou (24 Nov 2026) After breakfast at the hotel, you will travel to Suzhou, known as the "City of Gardens" or the "Venice of the East". You will visit the Suzhou Garden Museum and the UNESCO World Heritage-listed Humble Administrator's Garden. After exploring Tiger Hill (which has a 2,500-year history and the Yunyan Pagoda) and Shantang Street's traditional houses and street food along the ancient canal, you will return to Shanghai to rest.
Day 4: ရှန်ဟိုင်း - ကျူကျားကျောင်း ရေပေါ်မြို့ (၂၅.၁၁.၂၀၂၆) နံနက်စာသုံးဆောင်ပြီးနောက် ရှန်ဟိုင်း၏ ဗင်းနစ်မြို့ဟု လူသိများပြီး နှစ်ပေါင်း ၁,၇၀၀ ကျော် သမိုင်းကြောင်းရှိသည့် Zhujiajiao Water Town သို့ ကားဖြင့် သွားရောက်ပါမည်။ North Street တစ်လျှောက် မင်နှင့် ချင်းမင်းဆက်ခေတ် ရိုးရာဗိသုကာလက်ရာများကို လေ့လာပြီး အထင်ကရ Fangsheng တံတားကို ဖြတ်သန်းပါမည်။ ရိုးရာလှေစီးခြင်း (Optional) နှင့် ဒေသခံမုန့်များ မြည်းစမ်းခြင်းတို့ ပြုလုပ်ပြီးနောက် ရှန်ဟိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။
Day 4: Shanghai - Zhujiajiao Water Town (25.Nov.2026) After breakfast, you will drive to Zhujiajiao Water Town, which has over 1,700 years of history and is known as "Shanghai's Venice". You will walk along North Street to observe Ming and Qing Dynasty traditional architecture and cross the iconic Fangsheng Bridge. After enjoying optional traditional boat rides and tasting local snacks, you will head back to Shanghai.
Day 5: ရှန်ဟိုင်း - ချုံချင့် (၂၆.၁၁.၂၀၂၆) ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရှန်ဟိုင်းမှနေ၍ တောင်တန်းမြို့တော် သို့မဟုတ် ဒေါင်လိုက်မြို့တော် (Vertical City) ဟု တင်စားရသော ချုံချင့် (Chongqing) သို့ လေယာဉ်ဖြင့် ထွက်ခွာပါမည်။ ချုံချင့်သို့ရောက်ရှိချိန်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ Check-in ဝင်ရောက်ကာ ချုံချင့်၏ ညမီးရောင်အလှနှင့် နာမည်ကျော် ဟော့ပေါ့အရသာများ ခံစားရန်အတွက် အေးဆေးစွာ အနားယူပါမည်။
Day 5: Shanghai - Chongqing (26.Nov.2026) After having breakfast at the hotel, you will take a flight from Shanghai to Chongqing, a unique destination known as the "Mountain City" or "Vertical City". Upon arrival, a guide will welcome you and transfer you to the hotel for check-in, where you can rest and prepare for Chongqing's beautiful night views and famous hotpot.
Day 6: ချုံချင့်မြို့တွင်းလည်ပတ်ခြင်း (၂၇.၁၁.၂၀၂၆) နံနက်စာသုံးဆောင်ပြီးနောက် နှစ်ပေါင်း ၁,၀၀၀ ကျော် သမိုင်းရှိသည့် Ciqikou ရှေးဟောင်းမြို့လေးသို့ သွားရောက်ကာ ကျောက်ခင်းလမ်းများနှင့် ဒေသခံမုန့် (Mahua) များကို မြည်းစမ်းပါမည်။ ထို့နောက် မြို့၏အထင်ကရ Jiefangbei နှင့် Bayi Food Street တွင် အစားအစာများစားသုံးပြီး၊ လူနေတိုက်ခန်းအတွင်း ဖြတ်သန်းသွားသော Liziba Metro Station ရထားကို သွားရောက်ကြည့်ရှုပါမည်။ နေ့လယ်ပိုင်းနှင့် ညပိုင်းတွင် Qiansimen တံတား၊ ရိုးရာအဆောက်အအုံများနှင့် တောက်ပသော ညမီးရောင်များရှိသည့် Hongya Cave တို့ကို သွားရောက်လည်ပတ်ပြီး ဟိုတယ်သို့ ပြန်လည်အနားယူပါမည်။
Day 6: Chongqing City Discovery (27.Nov.2026) After breakfast, you will visit the Ciqikou Ancient Town, which has a history of over 1,000 years, to explore its stone-paved roads and taste local snacks like Mahua. Then, you will visit the city's iconic Jiefangbei and Bayi Food Street for local delicacies, followed by a visit to the Liziba Metro Station to see the train passing directly through a residential building. Later, you will visit the Qiansimen Bridge and the famous Hongya Cave, known for its traditional buildings and bright night lights, before returning to the hotel.
Day 7: ချုံချင့် - ဝူလုံ (၂၈.၁၁.၂၀၂၆) နံနက်စာသုံးဆောင်ပြီးနောက် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သဘာဝထုံးကျောက်တောင်များရှိရာ ဝူလုံ (Wulong) သို့ ခရီးဆက်ပါမည်။ Transformers ရုပ်ရှင်ရိုက်ကူးခဲ့ရာ နေရာဖြစ်သော ဧရာမသဘာဝကျောက်တံတားကြီး ၃ ခု (Three Natural Bridges)၊ သမိုင်းဝင် Tianfu Official Post နှင့် ကျောက်တောင်ချောက်ကမ်းပါးများ၊ ရေတံခွန်များပါဝင်သော Longshuixia Gap တို့ကို သွားရောက်လည်ပတ်ပြီးနောက် ချုံချင့်သို့ ပြန်လည်အနားယူပါမည်။
Day 7: Chongqing - Wulong (28.Nov.2026) After breakfast, you will travel to Wulong, a UNESCO World Heritage "South China Karst" site. You will visit the Three Natural Bridges (a filming location for the Transformers movie), the historical Tianfu Official Post, and the Longshuixia Gap, which features deep valleys, limestone cliffs, and waterfalls, before heading back to Chongqing to rest.
Day 8: ချုံချင့်မှ ပြန်လည်ထွက်ခွာခြင်း (၂၉.၁၁.၂၀၂၆) ခရီးစဉ်၏ နောက်ဆုံးနေ့တွင် ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီး ခရီးဆောင်အိတ်များကို စီစဉ်ကာ ချုံချင့်လေဆိပ်သို့ အချိန်မီ သွားရောက်ပါမည်။ ထိုမှတစ်ဆင့် သတ်မှတ်ထားသော အချိန်တွင် လေယာဉ်ဖြင့်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကာ ၈ ရက်တာ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ပါသည်။
Day 8: Chongqing - The Final Chapter (29.Nov.2026) On the final day of the trip, you will have breakfast, pack your luggage, and be transferred to the Chongqing Airport on time. From there, you will depart on your scheduled flight and arrive back at Yangon International Airport, concluding the 8-day journey.
No details found.
Please wait...