- Overview
- Trip Outline
- Trip Includes
- Trip Excludes
- Gallery
- Booking
- အမေးများသေားမေးခွန်းများ
Trip Information
- The flight duration is 9 hours and 10 minutes.
- The time difference is (+) 2 hours and 30 minutes.
- Weather: June to August is 16°C to 30°C, September to November is 7°C to 27°C, and December to March is -6°C to 20°C.
- The language is Japanese.
- The main food includes Rice, Miso Soup, Vegetables, Seafood, and Meats.
- The meal plan consists of 6 Lunches and 6 Dinners.
- The currency used is Yen (JPY).
- Exchange rates are 1 USD = 148.32 JPY and 1 JPY = 14.30 MMK.
Trip Information
- လေယာဉ်စီးချိန်မှာ ၉ နာရီ ၁ဝ မိနစ် ကြာမြင့်မည်ဖြစ်ပါသည်။
- အချိန်ကွာခြားမှုမှာ မြန်မာစံတော်ချိန်ထက် (+) (၂) နာရီ (၃ဝ) မိနစ် စောပါသည်။
- ရာသီဥတု - ဇွန်လမှ ဩဂုတ်လထိ 16°Cမှ 30°C ၊ စက်တင်ဘာလမှ နိုဝင်ဘာလထိ 07°C မှ 27°C၊ ဒီဇင်ဘာလမှ မတ်လထိ -6°C မှ 20°C ရှိပါသည်။
- ဂျပန်ဘာသာစကားကို အသုံးပြုပါသည်။
- အဓိကအစားအစာများအနေဖြင့် ထမင်း၊ Miso ဟင်းရည်၊ အသီးအရွက်၊ ပင်လယ်စာနှင့် အသားများ ပါဝင်ပါသည်။
- Meal Plan တွင် နေ့လယ်စာ ၆ နပ်နှင့် ညစာ ၆ နပ် ပါဝင်ပါသည်။
- သုံးစွဲသည့်ငွေမှာ ဂျပန်ယန်း (JPY) ဖြစ်ပါသည်။
- ငွေလဲနှုန်းမှာ 1 USD လျှင် 148.32 JPY နှင့် 1 JPY လျှင် 14.30 MMK ဖြစ်ပါသည်။
Day 01: Yangon - Osaka
Meet the Tour Leader at Yangon International Airport at 15:30. Check in at the airline at 16:30. Depart for Osaka, Japan, and rest on the flight. A local Japanese guide will welcome you at Kansai International Airport. Visit Osaka Castle and take memorial photos. Lunch will be served at a local restaurant. After lunch, proceed to Nara to see the world's largest bronze Buddha statue and visit Todaiji Temple, one of the seven most powerful temples in Japan. Feed the golden deer in Nara Park. Shop at Shinsaibashi Shopping St or other shopping areas based on your preference. Dinner will be served at a local restaurant. After dinner, check in to the hotel and rest.
၁ရက်မြောက်နေ့ (ရန်ကုန် - အိုဆာကာ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Tour Leader နှင့် ၁၅:၃၀ တွင်တွေ့ဆုံပါမည်။ ၁၆:၃၀ တွင် လေကြောင်းလိုင်း၌ check in ဝင်ရောက်ပါမည်။ ထို့နောက် Japan နိုင်ငံ Osaka မြို့သို့ထွက်ခွာပြီး လေယာဉ်ပေါ်တွင် အိပ်စက်အနားယူပါမည်။ Kansai International Airport တွင် Japan မှ ဧည့်လမ်းညွှန်က လေဆိပ်တွင် လာရောက်ကြိုဆိုပါမည်။ ဆက်လက်ပြီး Osaka Castle သို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Nara ရှိ ကမ္ဘာ့အကြီးဆုံးကြေးဆင်းတုတော်နှင့် ဂျပန်နိုင်ငံတွင် တန်ခိုးကြီးမားခဲ့သော ကျောင်းဆောင်ခုနှစ်ခုထဲမှ တခုအပါအဝင်ဖြစ်သည့် Todaiji Temple သို့ ဆက်လက်ပို့ဆောင်ပေးပါမည်။ ထို့နောက် Nara Park အတွင်းရှိ ရွှေသမင်များကို အစာကျွေးနိုင်ပါမည်။ ထို့နောက် Shinsaibashi Shopping St (သို့မဟုတ်) အခြား Shopping Area သို့သွားရောက်၍ မိမိစိတ်ကြိုက် ဈေးဝယ်ကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in ဝင်ပြီး အိပ်စက်အနားယူပါမည်။
Day 02: Osaka - Kyoto - Nagoya
Have breakfast at the hotel. After breakfast, check out from the hotel and depart for Kyoto. Visit Kiyomizu Temple, a Zen Buddhist temple in Kyoto. Lunch will be served at a local restaurant in Kyoto. After lunch, visit Kinkakuji Temple (Golden Pavilion) and take memorial photos. Visit Fushimi Inari Shrine, located at the base of the Inari mountain (233 meters above sea level), featuring mountain trails leading to numerous small shrines spanning 2.5 miles. Continue the journey to Nagoya. Dinner will be served at a local restaurant in Nagoya. After dinner, check in to the hotel and rest.
၂ရက်မြောက်နေ့ (အိုဆာကာ - ကျိုတို - နာဂိုယာ)
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out လုပ်ပြီး Kyoto သို့ထွက်ခွာပါမည်။ Kyoto ရှိ Zen ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် Kiyomizu Temple သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို Kyoto ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Kinkakuji Temple (ရွှေကျောင်း) သို့ သွားရောက်လည်ပတ်ကာ အမှတ်တရ ဓါတ်ပုံများရိုက်ကူးကြပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၃ မီတာ မြင့်ပြီး Inari ဟုခေါ်သော တောင်ခြေရင်းတွင်တည်ရှိကာ (၂.၅ မိုင်) ရှည်လျားသည့် ဘုရားကျောင်းငယ်များစွာဆီသို့ သွားရာ တောင်တက်လမ်းများပါဝင်သည့် Fushimi Inari Shrine သို့ သွားရောက်လည်ပတ်ကြပါမည်။ ထိုမှတဆင့် Nagoya သို့ ဆက်လက်ထွက်ခွာပါမည်။ ညစာကို Nagoya ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ် Check-in ဝင်ပြီး အိပ်စက်အနားယူပါမည်။
Day 03: Nagoya - Mt. Fuji (Gotemba) - Oshino Hakkai
Have breakfast at the hotel. After breakfast, check out from the hotel and take a bus for about 2 hours to Kakegawa city. From Kakegawa, take the Shinkansen (Bullet Train) for about an hour to Shizuoka city. Lunch will be served at a local restaurant in Gotemba. Visit the 5th Station of Mt. Fuji and take memorial photos. Visit Oshino Hakkai, a tourist attraction small village composed of eight small ponds. Dinner will be served at a local restaurant. After dinner, check in and rest at the hotel (Hakone Area, Hot Spring).
၃ ရက်မြောက်နေ့ (နာဂိုယာ - ဖူဂျီတောင် - အိုရှီနိုဟက်ကိုင်း)
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out လုပ်ပြီး ၂ နာရီခန့် Bus စီးကာ Kakegawa မြို့သို့ ထွက်ခွာပါမည်။ Kakegawa မြို့မှတဆင့် Shizuoka မြို့သို့ Shinkansen (Bullet Train) ဖြင့် တစ်နာရီခန့်စီးပြီး ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကို Gotenba ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ Mt. Fuji 5st Step အထိ သွားရောက်ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားသည့် ရေကန်ငယ် (၈) ခုဖြင့် ဖွဲ့စည်းထားသော ရွာငယ်လေးဖြစ်သည့် Oshino Hakkai သို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in ဝင်ပြီး အိပ်စက်အနားယူပါမည် (Hakone Area တွင် Hot Spring စိမ်နိုင်ပါမည်)။
Day 04: Hakone Area - Tokyo
Have breakfast at the hotel. After breakfast, take a Ropeway to enjoy a bird's-eye view of Hakone. Visit Owakudani and taste the Black Egg. Lunch will be served at a local restaurant in Kamakura. After lunch, visit the Kamakura Great Buddha, one of the most powerful statues, and take photos. Take memorial photos in Yokohama. Visit Umihotaru to take photos and go shopping. Continue the journey to Tokyo. Dinner will be served at a local restaurant in Tokyo. After dinner, check in to the hotel and rest.
၄ရက်မြောက်နေ့ (ဟာကိုနီ - တိုကျို)
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် Ropeway စီးပြီး Hakone ကို အပေါ်စီးကနေ ကြည့်ရှုခံစားပါမည်။ Owakudani သို့ သွားရောက်လည်ပတ်ကာ Black Egg ကို မြည်းစမ်းကြည့်ကြပါမည်။ နေ့လည်စာကို Kamakura ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် တန်ခိုးကြီးဘုရားများထဲမှ တစ်ဆူဖြစ်သော Kamakura Great Buddha သို့ သွားရောက်ဖူးမျှော်ရင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ Yokohama တွင်လည်း အမှတ်တရ ဓါတ်ပုံများရိုက်ကူးကြပါမည်။ Umihotaru သို့သွားရောက်ကာ အမှတ်တရဓါတ်ပုံရိုက်ရင်း ဈေးဝယ်ထွက်နိုင်ပါသည်။ ထို့နောက် Tokyo သို့ ဆက်လက်ထွက်ခွာလာပါမည်။ ညစာကို Tokyo ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in ဝင်ပြီး အိပ်စက်အနားယူနိုင်ပါသည်။
Day 05: Tokyo
Have breakfast at the hotel. Visit the 150-meter-tall Tokyo Tower after breakfast. Visit Asakusa Temple and take a walk to shop for traditional Japanese items along Nakamise Street. Lunch will be served at a local restaurant. After lunch, you will be taken to Ginza, the gathering place of the best shopping centers in Japan. Dinner will be served at a local restaurant in the Odaiba Area. Return to the hotel and rest.
၅ရက်မြောက်နေ့ (တိုကျို)
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ၁၅၀ မီတာမြင့်သော Tokyo Tower သို့ သွားရောက်လည်ပတ်ကြပါမည်။ Asakusa Temple သို့ သွားရောက်လည်ပတ်ပြီး ဂျပန်ရိုးရာပစ္စည်းများကို ဝယ်ယူနိုင်မည့် Nakamise လမ်းတွင်လည်း လမ်းလျှောက်လည်ပတ်ရင်း ဈေးဝယ်ကြပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဂျပန်တွင် အကောင်းဆုံး ဈေးဝယ်စင်တာများ စုစည်းရာ Ginza သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာကို Odaiba Area ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 06: Tokyo - Narita
Have breakfast at the hotel. After breakfast, visit Tokyo Disneyland, which was opened in 1983 on 80 hectares of land in Japan. Free time will be given to enjoy various games and rides at Tokyo Disneyland. Enjoy lunch at your own preference inside Disneyland using a coupon. Go shopping freely at Aeon Mall Narita. (Note: The itinerary text also states that lunch will be served at a local restaurant in Narita). After dinner, check in to the hotel in Narita and rest.
၆ရက်မြောက်နေ့ (တိုကျို - နာရီတာ)
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက် ၁၉၈၃ ခုနှစ်တွင် Japan နိုင်ငံရှိ မြေဧက (၈၀) ဟတ်တာပေါ်တွင် ဖွင့်လှစ်ထားသော Tokyo Disneyland သို့ သွားရောက်လည်ပတ်ပါမည်။ Tokyo Disneyland တွင် ကစားနည်းမျိုးစုံကို ပျော်ရွှင်စွာကစားရန် အားလပ်ချိန်ပေးထားပါမည်။ နေ့လည်စာကို Coupon ဖြင့် Disneyland အတွင်းတွင် မိမိတို့စိတ်ကြိုက် သုံးဆောင်နိုင်ပါမည်။ ထို့နောက် Aeon Mall Narita တွင် မိမိစိတ်ကြိုက် Shopping ထွက်ကြပါမည်။ (မှတ်ချက်။ နေ့လည်စာကို Narita ရှိ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်ဟုလည်း စာသားတွင် ဖော်ပြထားပါသည်)။ ညစာသုံးဆောင်ပြီးနောက် Narita ရှိ ဟိုတယ်တွင် Check-in ဝင်ပြီး အိပ်စက်အနားယူပါမည်။
Day 07: Narita - Yangon
English: Day 07 (Tokyo - Yangon, 18°C). Have breakfast at the hotel. After breakfast, check out from the hotel and transfer to Narita International Airport for departure to Myanmar. Check in at the Thai Airways counter to return to Myanmar. Depart from Narita International Airport, Tokyo, and arrive at Yangon International Airport, ending the joyful Japan trip.
၇ရက်မြောက်နေ့ (တိုကျို - ရန်ကုန်)
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမည်။ မနက်စာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်မှ Check-out လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် Narita International Airport သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် မြန်မာပြည်သို့ ပြန်လည်ထွက်ခွာရန် Thai Airway Counter တွင် Check-in ဝင်ပါမည်။ Tokyo မြို့ Narita အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ကာ ဂျပန်ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးမည်ဖြစ်ပါသည်။
✈️ လေယာဉ်လက်မှတ် ဈေးနှုန်းပေါ်မူတည်ပြီး ခရီးစဉ်ဈေးနှုန်း ပြောင်းလဲနိုင်ပါသည်။
Tour prices may change depending on flight ticket prices.
📢
ငွေပေးချေမှုနှင့် ပယ်ဖျက်ခြင်းဆိုင်ရာ (Payment & Cancellation Policy)
Payment Policy: ခရီးစဉ် အတည်ပြုရန် ပထမအရစ် ၅၀% ကို ပေးသွင်းရပါမည်။ ပထမအရစ် ၅၀% ပေးချေပြီးမှသာ ကြိုတင်စာရင်းပေးသွင်းခြင်းကို အတည်ပြုပါသည်။ ခရီးစဉ်မထွက်ခွာမီ ၁၅ ရက်အလိုတွင် လက်ကျန်ငွေ ၅၀% ကို ပေးချေရပါမည်။
Cancellation Policy: ခရီးစဉ်မထွက်ခွာမီ ၁၅ ရက်အတွင်း မလိုက်ဖြစ်ပါကလည်း လက်ကျန်ငွေ ၅၀% ပါ ပေးချေရမည်ဖြစ်ပါသည်။
ℹ️
Payment & Cancellation Policy (English)
Payment Policy: A 50% first installment is required for tour confirmation. Bookings are confirmed only after the first 50% payment. The remaining 50% must be paid 15 days before departure.
Cancellation Policy: If canceled within 15 days of departure, the remaining 50% must still be paid.
Included Services:
- (Yangon - Osaka) - (Narita - Yangon) flights.
- Japan Visa Fees.
- Airport taxes including 20 KG luggage allowance per person.
- Twin sharing accommodation with breakfast at mentioned or similar star hotels. Lunch and dinner meals at restaurants as mentioned.
- Local English speaking guide services, airport transfers, and private vehicle tours as per itinerary.
- Myanmar-English speaking Tour Leader assistance throughout the trip.
- Tips for guide and driver.
ပါဝင်သောဝန်ဆောင်မှုများ:
- ရန်ကုန်-အိုဆာကာ နှင့် နာရီတာ-ရန်ကုန် လေယာဉ်။
- ဂျပန်ဗီဇာကြေး။
- လေဆိပ်ခွန်များနှင့် ၂၀ ကီလိုဂရမ် ဝန်စည် (20 KG Luggage)။
- ဖော်ပြပါအဆင့်မီဟိုတယ်များတွင် နံနက်စာအပါအဝင် နှစ်ဦးတစ်ခန်း တည်းခိုခ။
- ဖော်ပြပါ နေ့လယ်စာနှင့် ညစာ စားသောက်စရိတ်များ။
- ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်နှင့် သီးသန့်ကားဖြင့် ခရီးစဉ်အတိုင်း အလည်အပတ်များ၊ ကြိုပို့ဝန်ဆောင်မှုများ။
- မြန်မာ-အင်္ဂလိပ်စကားပြော Tour Leader။
- Guide နှင့် Driver အတွက် Tip ငွေ။
Excluded Services:
- Additional expenses for non-itinerary plans or night outings.
- Pay TV and telephone charges in hotels.
- Personal expenses (e.g., bottled water, soft drinks, liquor, hotel laundry).
- Unmentioned food costs.
- Other expenses not stated in the itinerary.
- All attractions fees.
မပါဝင်သောဝန်ဆောင်မှုများ:
- အစီအစဉ်တွင်မပါဝင်သော အပိုကုန်ကျစရိတ်များ။
- ဟိုတယ်ရှိ Pay TV နှင့် ဖုန်းအသုံးပြုခများ။
- ကိုယ်ရေးကိုယ်တာသုံးစရိတ်များ (ဥပမာ - ရေသန့်၊ အချိုရည်၊ အဝတ်လျော်ခ စသည်)။
- ဖော်ပြမထားသော အစားအသောက်စရိတ်များ။
- ဖော်ပြမထားသော အခြားကုန်ကျစရိတ်များ။
- All attractions fees (ဝင်ကြေးအမျိုးမျိုး)။
No Details Found