- Overview
- Trip Outline
- Trip Includes
- Gallery
- Booking
Bangkok to Bhutan (4 Nights / 5 Days) | ဘန်ကောက် - ဘူတန် (၄ ရက် / ၅ ည)
Experience the mystical kingdom of Bhutan, flying via Bangkok. Explore Thimphu, Punakha, and Paro, featuring Tashichoe Dzong, Dochula Pass, Buddha Dordenma, and the iconic Tiger’s Nest Monastery. Enjoy traditional Bhutanese culture, archery, and scenic Himalayan views.
ပျော်ရွှင်ခြင်းနိုင်ငံဖြစ်သော ဘူတန်နိုင်ငံသို့ ဘန်ကောက်လေဆိပ်မှတစ်ဆင့် သွားရောက်မည့် အထူးခရီးစဉ်။ သင်ဖူး၊ ပူနာခါနှင့် ပါရိုမြို့များရှိ Tashichoe Dzong၊ ဒိုချူလာတောင်ကြားလမ်း၊ Buddha Dordenma ရုပ်ပွားတော်မြတ်ကြီးနှင့် ကမ္ဘာကျော် တိုင်ဂར་နစ် (Tiger's Nest) ဘုန်းကြီးကျောင်းတို့ကို လေ့လာဖူးမြော်နိုင်မည့်အပြင် ဘူတန်ရိုးရာယဉ်ကျေးမှုများကိုပါ ခံစားရမည် ဖြစ်ပါသည်။
Day 1: Yangon – Bangkok – Paro – Thimphu
Depart from Yangon to Paro via Bangkok, where you will enjoy the fresh mountain air before taking a 1.5-hour drive to Thimphu to check in at your hotel, explore the iconic Tashichoe Dzong and local heritage sites, and shop at the Thimphu market.
နေ့ရက် (၁) - ရန်ကုန် - ဘန်ကောက် - ပါရို - သင်ဖူး
ရန်ကုန်မှ ဘန်ကောက်လေဆိပ်မှတစ်ဆင့် ဘူတန်နိုင်ငံ ပါရိုလေဆိပ်သို့ ရောက်ရှိပြီး အေးမြဆန်းသစ်သော တောင်ပေါ်လေကို ခံစားရင်း ၁ နာရီခွဲခန့် မောင်းနှင်ရသည့် မြို့တော်သင်ဖူးသို့ ဆက်လက်ထွက်ခွာ၍ ဟိုတယ် check-in ဝင်မည်ဖြစ်ကာ၊ မီးပွင့်မရှိသော သင်ဖူးမြို့၏ အထင်ကရ Tashichoe Dzong ဗိမ္မာန်တော်ကြီး၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သင်ဖူးဈေးတို့ကို လှည့်ပတ်လေ့လာကြပါမည်။
Day 2: Thimphu – Punakha
Visit Buddha Point to see the giant Buddha Dordenma statue, stop at the 10200 ft high Dochula Pass to admire the 108 stupas and snow-capped Himalayas, and then head to the former capital, Punakha, to experience rural village life along the river.
နေ့ရက် (၂) - သင်ဖူး - ပူနားခါ
၁၇၇ ပေအမြင့်ရှိ ဧရာမထိုင်တော်မူ Boddha Dordenma ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ Buddha Point သို့ သွားရောက်ဖူးမြော်ပြီး၊ ပေ ၁၀၂၀၀ အမြင့်ရှိ ဒိုချူလာတောင်ကြားလမ်း (Dochula Pass) တွင် စေတီ ၁၀၈ ဆူနှင့် ဟိမဝန္တာတောင်တန်းရှုမျှော်ခင်းများကို အမှတ်တရဓာတ်ပုံရိုက်ကာ မြို့တော်ဟောင်း ပူနားခါသို့ ဆက်လက်ထွက်ခွာ၍ ကျေးလက်ရိုးရာမြင်ကွင်းများကို ကြည့်ရှုလေ့လာကြပါမည်။
Day 3: Punakha – Paro
Explore the famous Fertility Temple (Chimi Lhakhang) and Lobesa village, visit the oldest fortress Simtokha Dzong, and tour Ta Dzong (National Museum) and Rinpung Dzong in Paro before relaxing at the hotel.
နေ့ရက် (၃) - ပူနားခါ - ပါရို
ကမ္ဘာကျော် သားဆုပန် Chimi Lhakhang ဘုရားကျောင်းနှင့် လိုဘီဆာကျေးရွာသို့ သွားရောက်လေ့လာပြီးနောက်၊ ဘူတန်၏ အသက်အကြီးဆုံး ခံတပ်ဖြစ်သော Simtokha Dzong၊ ဘူတန်အမျိုးသားပြတိုက် Ta Dzong နှင့် ပါရိုဗိမ္မာန် (Rinpung Dzong) တို့သို့ သွားရောက်လေ့လာ၍ ပါရိုမြို့ရှိ ဟိုတယ်တွင် အနားယူကြပါမည်။
Day 4: Paro
Hike or ride a horse up to the iconic cliffside Tiger's Nest Monastery (Taktsang), visit the historical Drukgyel Dzong ruins, and end the tour at Kyichu Lhakhang, one of Bhutan's oldest 7th-century temples.
နေ့ရက် (၄) - ပါရို
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၂၀၀ ကျော် တောင်စွန်းပေါ်တွင် တည်ရှိသည့် ကမ္ဘာကျော် Tiger's Nest (Taktsang) ဘုန်းကြီးကျောင်းသို့ လမ်းလျှောက်၍သော်လည်းကောင်း၊ မြင်းစီး၍သော်လည်းကောင်း တက်ရောက်လည်ပတ်ပြီးနောက်၊ သမိုင်းဝင် Drukgyel Dzong ခံတပ်ဟောင်းနှင့် ၇ ရာစုက တည်ဆောက်ခဲ့သော ရှေးဟောင်း Kyichu Lhakhang ဘုရားကျောင်းတို့သို့ သွားရောက်လေ့လာကြပါမည်။
Day 5: Paro – Bangkok – Yangon
Enjoy breakfast at the hotel, transfer to Paro Airport, and fly back to Yangon via Bangkok to conclude the memorable Bhutan journey.
နေ့ရက် (၅) - ပါရို - ဘန်ကောက် - ရန်ကုန်
နံနက်စာသုံးဆောင်ပြီးနောက် ပါရိုလေဆိပ်မှတစ်ဆင့် ဘန်ကောက်ကိုဖြတ်၍ ရန်ကုန်သို့ ပျော်ရွှင်စွာ ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။
Highlights & Special Activities / အထူးအစီအစဉ်များ
During the tour, you can try on traditional Bhutanese dress (Kira and Gho), enjoy and join in traditional dance performances, and try your hand at archery with the locals.
ခရီးစဉ်အတွင်း ဘူတန်ရိုးရာဝတ်စုံများ (Kira နှင့် Gho) ဝတ်ဆင်၍ ဓာတ်ပုံရိုက်ခြင်း၊ ရိုးရာအကပွဲများတွင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းနှင့် အမျိုးသားအားကစားနည်းဖြစ်သော မြှားပစ်ခြင်းများကို ဒေသခံများနှင့်အတူ ပါဝင်ဆော့ကစားနိုင်ပါသည်
- အခြား ပါဝင်သည့် အစီအစဉ်များ:
- အချိန်ရရှိမှုပေါ် မူတည်၍ ဘူတန်ရိုးရာဝတ်စုံ (Kira နှင့် Gho) ဝတ်ဆင်၍ ဓာတ်ပုံရိုက်ခြင်း
- ဘူတန်ရိုးရာ အကပွဲများ ကြည့်ရှုခြင်းနှင့် ပါဝင်ဆင်နွှဲခြင်း
- ဒေသခံများနှင့်အတူ ဘူတန်အမျိုးသားအားကစားနည်းဖြစ်သော မြှားပစ်လေ့ကျင့်ခြင်း
- အချိန်ရရှိမှုပေါ် မူတည်၍ ဘူတန်ရိုးရာဝတ်စုံ (Kira နှင့် Gho) ဝတ်ဆင်၍ ဓာတ်ပုံရိုက်ခြင်း